လွိုင်ကော် တပ်မတော်သားများ လက်နက် ခဲယမ်း အပြည့်ဝထိရောက်စွာ အသုံးချရန် ဒု – ဗိုလ်မှူးကြီး စိုးဝင်း မှာကြား

လွိုင်ကော် တပ်မတော်သားများ လက်နက် ခဲယမ်း အပြည့်ဝထိရောက်စွာ အသုံးချရန် ဒု – ဗိုလ်မှူးကြီး စိုးဝင်း မှာကြား

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော် ခရီးစဉ်တွင် တပ်မတော်သားများကို သင်ကြားထားသည့် စစ်ပညာ နှင့် တပ်ဆင်ပေးထားသည့် လက်နက် ခဲယမ်းများကို အပြည့်ဝ ထိရောက်စွာ အသုံးချရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(မတ်လ ၁၅) ရက်တွင် ဒု – ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လွိုင်ကော်မြို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ တပ်မတော်အရာရှိများ ၊ ကယားပြည်နယ် ဝန်းကြီးချုပ် ဦးဇော်မျိုးတင့် အရှေ့တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြီး လှမိုး နှင့် တာဝန်ရှိသူများ ပါဝင်ပြီး လွိုင်ကော်မြို့နယ်ရှိ အရာရှိ စစ်သည် မိသားစုများ နှင့် တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အမှာစကားပြောကြားရာတွင် တပ်မတော်များသည် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ရာမှာ ၂၄ နာရီ တာဝန်ရှိကြောင်း ၊ စစ်ဆင်ရေး လုံခြုံရေး တာဝန်ထမ်းဆောင်ရာမှာ သင်ကြားပေးတဲ့ စစ်ပညာများကို မှန်မှန်ကန်ကန် အသုံးချရန် နှင့် တပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်း ကိရိယာများကို အပြည့်ဝ ထိရောက်စွာ အသုံးချရန်လိုကြောင်း မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ တစ်ဖက်တွင်လည်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ် ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ယနေ့ထိ တိုက်ပွဲ ပြင်းထန်နေလျက်ရှိသည်။

ထို့အပြင် သျှမ်း – ကယား နယ်စပ် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲဆက်လက် ပြင်းထန်နေ လျက်ရှိသည်။

အဆိုပါ ဒုတိယ ကာကွယ်ရေး ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ကြားပြီးသည့်နောက်ပိုင်းတွင် တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်များလည်း ပိုမိုများပြားလာနိုင်ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) ခွန်ဘင်ဂျမင်က ပြောသည်။

“ တိုက်ပွဲကတော့ ပြန်ဖြစ်နေတယ်။ ပိုပြီးတော့လည်း ပြင်းထန်လာနိုင်ပါတယ်။ စစ်ဘေးရှောင်တွေလည်း ပိုများလာနိုင်ပါတယ်။ အခုလည်း တိုက်ပွဲကတော့ ပိုပြီးပြင်းထန်နေဆဲပါ” ဟု ခွန်ဘင်ဂျမင်က ပြောသည်။

အလားတူ ယနေ့ မတ်လ ၁၆ တွင်လည်း ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ လေယာဉ်များ ပျံဝဲနေလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တိုက်ပွဲကြာင့် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာတွင်းရှိ ဒေသခံ နှင့် သံဃာအပါအဝင် သေဆုံးသူ စုစုပေါင်း ၂၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း PNDF KK က အတည်ပြုပြောသည်။

သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...