ကော့ကရိတ်တောင်ပိုင်းရှိစစ်ဘေးရှောင်များအား အခြေခံအစားအစာ ထပ်မံထောက်ပံ့

ကော့ကရိတ်တောင်ပိုင်းရှိစစ်ဘေးရှောင်များအား အခြေခံအစားအစာ ထပ်မံထောက်ပံ့

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင် ဒေသခံများအား ပြီးခဲ့သည့် မတ်လ (၁၂)ရက်နေ့တွင် ဒေသတွင်း ကရင်လူမှုအဖွဲ့အစည်းက အခြေခံအစားအစာများ ထပ်မံထောက်ပံ့‌မှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါ နေရပ်စွန့်ခွာတိမ်းရှောင်သူ ဒေသခံရွာသူ/ရွာသားများအား ကရင်လူမှုအဖွဲ့အစည်းများက ကူညီ ထောက်ပံ့မှုများရှိသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ကာ ကူညီထောက်ပံ့မှုများ ထပ်မံရရှိရန် ဆက် လက်လုပ်‌ဆောင်နေကြောင်း ကော့ကရိတ်မြို့နယ် တောင်ပိုင်းအ‌ရေးပေါ်ကူညီစောင့်ရှောက်ရေး တာဝန်ရှိသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“မိုးရာသီ ရောက်ခါနီးပြီးဆိုတော့ ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူလူထုတွေ တကယ်ကူညီ ထောက်ပံ့ မှုတွေ လိုအပ်နေတယ်။ သူတို့ (စစ်ဘေးရှောင်)ကလည်း တောင်းဆိုနေတယ်။ ကျနော်တို့လည်း ပါဝင်ပြီးဝိုင်းဝန်းကူညီထည့်ဝင်ကြပါလို့ တောင်းဆိုတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆန်၊ ဆီ၊ အချိုမှုန့် စသည့်အခြေခံအစားအစာတွေကို ကျပ်သိန်း ၁၀၀ ဖိုးကူညီ‌ထောက်ပံ့ခဲ့တယ်။ ”ဟု ပြောသည်။

ထို့အပြင် အဆိုပါ တိမ်းရှောင်နေရသူဒေသခံရွာသူရွာသားများအနက် ကျောင်းနေအရွယ် ကလေးများမှာ ဆက်လက်ပညာသင်ကြားနိုင်ရန် အကူအညီလိုအပ်နေပြီး ကူညီပေးကြရန်လည်း မေတ္တာရပ်ခံ လိုသည်ဟု  ၎င်း ကရင်လူမှုအဖွဲ့အစည်း တာဝန်ရှိသူက ဆက်ပြောသည်။

“တိမ်းရှောင်ရတာကြာနေပြီး။ အလုပ်အကိုင်ဝင်ငွေလည်း မရှိဘူး။ အခုလိုဒုက္ခ‌ရောက်ချိန်မှာ ကူညီပေး တာကျေးဇူးအရမ်းတင်တယ်။ ဆက်လက်ပြီး ကူညီစေချင်တယ်။ နောက်ပြီး ကလေးတွေ ပညာမသင်ရတာကြာပြီး။ ပညာသင်ကြားနိုင်ဖို့လည်း ကူညီစီစဥ်‌ပေးစေချင်တယ်”ဟု စစ်ရှောင်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် တိုက်ပွဲများဖြစ်ပွားလာနေသကဲ့သို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးအနားတဝိုက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲ ဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထု အများအပြား နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီး အချို့မှာ ယခုအချိန်ထိ နေရပ်ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပေ။  

ထိုသို့ စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသည့် အခက်အခဲအမျိုးမျိုးတွေ့ကြုံနေရကြောင်း ကော့ကရိတ်မြို့နယ်ဒေသခံများက ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသတွင် စစ်ရှောင်ဦးရေ စုစုပေါင်း (၄,၅၅၆) ဦးရှိသည်ဟု ကော့ကရိတ်မြို့နယ်တောင်ပိုင်း အရေးပေါ်ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...