၃၄ ကြိမ်မြောက် ကိုးကန့်တပ်မတော်နေ့ကို AA ဒုတပ်ချုပ် တက်ရောက်ဂုဏ်ပြုခဲ့

၃၄ ကြိမ်မြောက် ကိုးကန့်တပ်မတော်နေ့ကို AA ဒုတပ်ချုပ် တက်ရောက်ဂုဏ်ပြုခဲ့

မတ်လ ၁၁ ရက်နေ့က ကျရောက်ခဲ့သည့် ၃၄ ကြိမ်မြောက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)- ကိုးကန့် တည်ထောင်ခြင်း နှစ်ပတ်လည်နေ့အခမ်းအနားကို ရက္ခိုင့်တပ်တော်(AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မဟာမိတ်ညီနောင်အဖွဲ့ဝင် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပြီး AA ဒုတပ်ချုပ် ဒေါက်တာညိုထွန်းအောင်က အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း The Kokang သတင်းစာမျက်နှာတွင် ဖော်ပြသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ကို ၁၉၈၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင်က ဦးဆောင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်တပ်မတော်သည် ရက္ခိုင့်တပ်တော်(AA) နှင့် ခိုင်မာသောဆက်ဆံရေး ရှိသည်။ ရက္ခိုင့်တပ်တော်(AA)၏ တော်လှန်ရေး အစောပိုင်းကာလများတွင် သေနတ်အလက် ၁၀၀ နှင့် RPG နှစ်လက်တို့ကို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က ကူညီထောက်ပံ့ပေးမှုကြောင့် ရခိုင်ပြည်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖွင့်ပြောခဲ့ဖူးသည်။

ထို့အပြင် ကိုးကန့်ဒေသကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လက်ထဲသို့ အလုံးစုံ ပြန်လည်ရရှိနိုင်သည်အထိ လက်တွဲသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သည့် AA ၊ TNLA အဖွဲ့တို့က မတ်လ ၁၁ ရက်နေ့က ဂုဏ်ပြုသဝဏ်လွှာတွင်ဖော်ပြထားသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဟု လူသိများသည့် ကိုးကန့်တပ်မတော် (MNDAA) သည် ရက္ခိုင့်တပ်တော်(AA)၊ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် စစ်ရေးနိုင်ငံရေးတို့တွင် ကောင်းမွန်သောဆက်ဆံရေး ရှိနေသည်။

ယင်းအပြင် အဆိုပါ အဖွဲ့များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြစ်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်လည်းဖြစ်သည်။

May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...