KIA တပ်ရင်း ၆ ဗုံးကျဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိ

KIA တပ်ရင်း ၆ ဗုံးကျဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိ

ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ နယ်မြေကို စစ်ကောင်စီက မတ် ၁၀ ရက်  နံနက်ပိုင်း ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တပ်တွင်းနေရာ အချို့  ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းသိရသည်။

မတ်လ ၁၀ ရက်နေ့ ယနေ့နက်အစောပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီ၏ ဂျက်လေယာဉ် ၂ စီး ဖြင့် ၄ ကြိမ်ထက်မနည်း လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် KIA တပ်ရင်း ၆ တပ်စခန်း မီးဖိုးချောင်နှင့် ခန်းမဆောင်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု KIA နှင့် နီးစပ်သော ပြည်သူတစ်ဦးက KNG ကို ပြောသည်။

“ကားထားတဲ့ အဆောင်တစ်ခု၊ ဆေးရုံအဆောင်၊ မီးဖိုဆောင် ၃ နေရာထိသွားတယ်။ ဒါတောင် လေယာဉ်လာမယ်လို့ သိထားလို့ ကြိုရှောင်ထားတဲ့အတွက် လူက အထိအခိုက် သိပ်မရှိလိုက်ဘူး” ဟု ပြောသည်။

စခန်းတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အပြင် လေယာဉ်ဗုံးကြောင့် KIA တပ်သား ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သူကဆက်ဆိုသည်။

လက်ရှိ ဗုံးကျဲတိုက်ခိုက်ခံရသည့် KIA တပ်ရင်း ၆ နေရာသည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှသာ စခန်းနေရာအသစ် ရွေ့ပြောင်းထားသော နေရာတစ်ခုဖြစ်ပြီး ယခု ပထမဆုံးအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယခင် KIA တပ်ရင်း ၆ စခန်းနေရာသည် ဖားကန့်မြို့နယ် ကံဆီးကျေးရွာဘက်တွင် တည်ရှိခဲ့သော်လည်း ပြီးခဲ့သော အောက်တိုဘာလ ၂၃ ရက်နေ့ အနန့်ပါ (A Nang Pa) ဗုံးကျဲ တိုက်ခိုက်ခံခဲ့ရသည့်အတွက် နေရာရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ယခုနှစ် ၂၀၂၃ တွင် ဖားကန့်ဒေသ KIA တပ်မဟာ ၉ နယ်၊ တပ်ရင်း ၂၆ နှင့် တပ်ရင်း ၆ နေရာတို့လာတွင် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့် အကြိမ်ရေ ၆ ကြိမ်ထက်မနည်းရှိလာပြီဟု သတင်းအရင်းအမြစ်များက ပြောသည်။

ယခုလို စစ်ကောင်စီဘက်မှ ဖားကန့်ဒေသဘက်သို့ လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းနေသည် ဆယ်ဇင်းဒေသ တပ်ရင်း ၂၆ နယ်မြေတို့တွင် KIA ဘက်မှ စစ်ကောင်စီတပ်စခန်းများကို မကြာခဏ သွားရောက်တိုက်ခိုက်မှုများရှိနေသလို တစ်ဖက်မှာ ဖားကန့်ဒေသကို စစ်ကောင်စီက ထိန်းချုပ်ရန် ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...