ဖားကန့် စားသောက်ဆိုင်တစ်ခုမှ အရပ်သားပြည်သူ ၈ ဦးဖမ်းဆီးခံရ

ဖားကန့် စားသောက်ဆိုင်တစ်ခုမှ အရပ်သားပြည်သူ ၈ ဦးဖမ်းဆီးခံရ

ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက် စားသောက်ဆိုင်မှ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်း ၄ ဦးနှင့်အပါအဝင် ဆိုင်အတွင်းရှိနေသော လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၇ ရက်ည ၁၁ နာရီဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မှော်ဝမ်းရပ်ကွက်ရှိ ရှု့ဒေါင့်သစ် ကဖေးနှင့် အအေးဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်ဝန်ထမ်း ၄ ဦး နှင့် ဆိုင်းအတွင်း Wifi လာသုံးနေသည့် လူငယ် ၃ ဦး၊ စုစုပေါင်း ၈ ဦးကို စစ်ကောင်စီတပ်သား ၁၀ ဦး ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဖားကန့် ပြည်သူတစ်ဦးက KNG ကို ပြောသည်။

“ဆိုင်ရှင်ကော ဝန်းထမ်းတွေကော ဆိုင်မှာ wifi လာသုံးတဲ့ကလေးတွေကော အပါဆိုရင်အားလုံးရှစ်ဦးတဲ့ စစ်ကောင်စီကပဲ ဝင်ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းသလဲအတိအကျတော့ မသိရဘူး”ဟုပြောသည်။

ဖမ်းဆီးခံရသည့် ၈ ဦးအနက် ဆိုင်ပိုင်ရှင်မှာ ဦးစိုးနိုင်ခေါ်သူဖြစ်ပြီး ဆိုင်ဝန်ထမ်း ၃ ဦးနှင့် Wifi လာသုံးရင်း ဖမ်းဆီးခံရသည့်  ဦးသည် မည်သူမည်ဝါများဖြစ်ကြောင်း မသိရသေးဘဲ လက်ဆက်စုံးစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၈ ဦးကို လက်ရှိ ဖားကန့်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဖာကန့်တွင်  အင်တာနက်လိုင်းများပိတ်ထားခံရပြီး လက်ရှိတွင် အင်တာနက် အသုံးပြုလိုသူများသည် အင်တာနက်ရသည့် ဆိုင်မျာတွင် တစ်နာရီ ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိပေးကာ ဝယ်ယူသုံးစွဲနေရသည့် အခြေအနေ ဖြစ်သည်။

“ဒီနေ့တော့ ဆိုင်လည်းပိတ်ထားတယ်။ ဖမ်းထားတဲ့သူတွေလည်းခုချိန်ထိတော့ ပြန်လွှတ်လာတာမရှိသေးဘူး။ ပြီးတော့ ဒီနေ့ဆိုရင် ရဲစခန်းရှေ့နဲ့ဥရုချောင်းတံတားနားမှာ လမ်းသွားတဲ့ပြည်သူတွေကို စစ်နေတယ်လို့ သိရတယ်”ဟုနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မတ်လ ၁ ရက်နေ့တွင်လည်း ဖားကန့် ရှရော်ခကျေးရွာ ပြည်သူ ၂၀၀ နီးပါးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...