မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ စစ်ဘေးရှောင်များ ဆက်လက်ကူညီရေးအဆို မီဇိုရမ်ပြည်လွှတ်တော်က အတည်ပြု

မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ စစ်ဘေးရှောင်များ ဆက်လက်ကူညီရေးအဆို မီဇိုရမ်ပြည်လွှတ်တော်က အတည်ပြု

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံတို့မှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ကူညီ ထောက်ပံ့ရေးအဆိုကို မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးက ဖေဖော်ဝါရီ ၂၄ ရက်နေ့က တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်တွင် ယခုကျင်းပလျှက်ရှိသော လွှတ်တော်အစည်းအဝေး (Assembly Budget Session) တွင် အတိုက်ခံ (INC) ပါတီလွှတ်တော်ကိုယ်စားလှယ် Lalrindika Ralte က စစ်ဘေးရှောင်များအရေးနှင့်ပတ်သော ယင်းအဆိုကို တင်သွင်းခဲ့ရာတွင် မူရင်းအဆို၏ စာသားအနည်းငယ်ပြောင်းလဲကာ လွှတ်တော်ကတညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် Lalrindika Ralte က “အိမ်နီးချင်းနိုင်ငံတို့မှ ဘေးကင်းလုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူများကို အစိုးရအနေဖြင့် နေရာထိုင်ခင်းများစီစဉ်ပေးကာ ကြင်နာစွာပြုစုပေးပြီး၊ တစုတစည်းတည်း နေထိုင်နိုင်ရေးအတွက် သီးခြားနေရာတစ်ခုစီစဉ်ပေးရန်" ဆိုသည့်အဆိုကို တင်သွားခဲ့သည်။

ယင်းအဆိုကို တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝမ်းသာကြိုဆိုကြပြီး အားတက်သရော ဆွေးနွေးခဲ့ကြရာတွင် ယင်အဆို၏ မူရင်းဆိုလိုရင်းမပြောင်းဘဲ “အိမ်နီးချင်းနိုင်ငံ မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့မှ ဘေးကင်းလုံခြုံရေးအတွက် ရောက်ရှိလာကြသော မိမိတို့ညီအကို စစ်ဘေးရှောင်များကို မီဇိုရမ်အစိုးရနှင့် မီဇိုရမ်ပြည်သူလူထုမှ ကောင်းမွန်စွာလက်ခံကြိုဆိုသည့်အပေါ် ကျေးဇူးတင်ကြောင်း၊ လိုအပ်သလို ဆက်လက်ကူညီပြီး ၎င်းတို့နေထိုင်ရေးနှင့် လိုအပ်ချက်များအား ဆက်လက်ကူညီဖြည့်ဆည်းပေးရန်" ဟု ပြင်ဆင်ကာ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ချင်းလူမျိုးအများစုသည် မီဇိုရမ်ပြည်နယ်ဘက်သို့ အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူများအား လက်မခံဘဲ ပြန်လည်ပို့ဆောင်ရန် ဖိအားပေးမှုခံခဲ့ရသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရသည် အိန္ဒိယဗဟိုအစိုးရကို အာခံပြီး မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သည်။

ယခုအခါ မီဇိုရမ်ပြည်နယ်၏ လွှတ်တော်အစည်းအဝေးထိ အဆိုများတင်သွင်းကာ စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအတွက် အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းဇယားအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေ ၃၁၀၅၀ ရှိပြီး ဘင်္ဂလားဒေရှ်နိုင်ငံမှ စစ်ဘေးရှောင်ဦးရေ ၄၅၈ ဦးရှိ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၃၁၅၀၈ ရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးတွင် ရူပီးငွေ သိန်း ၃၈၄ ကျော်အသုံးပြုပြီဖြစ်ကာ ဘင်္ဂလားဒရှေ့်က စစ်ဘေးရှောင်ပြည်သူများအတွက် ရူပီးငွေသိန်း ၃၀ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူအားလုံးအတွက် ရူပီး သိန်း ၄၁၄ သိန်းကျော် အသုံးပြုထားပြီဟု မီဇိုရမ် ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...