ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ၂ နေရာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး   စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။

တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရေဦးမြို့နယ်၏ မြောက်ဘက်ခြမ်းတစ်ကြိမ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရေဦးမြို့နယ်၏ အနောက်ဘက်ခြမ်း တစ်ကြိမ် ၂ နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် PDF ဘက်ကလည်း ၃ ဦး ကျဆုံးခဲ့ရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

“ရွှေဘိုခရိုင်တပ်ရင်း ၉ က ရဲဘော် ၂ ယောက်က ၆ ရက်နေ့ တိုက်ပွဲမှာ ကျသွားတာပါ။ ၂ ယောက်စလုံးက လက်နက် ငယ်ထိမှန်ခဲ့တာပါ။ ပြီးတော့ ၄ ရက်နေ့ တိုက်ပွဲမှာက မဟာမိတ်တပ်ဖွဲ့က ကင်းထောက် ရဲဘော်တစ်ဦးကျသွားတယ်။ သူကတော့ လက်နက်ကြီးထိပြီး မပြေးနိုင်တဲ့အချိန် သတ်ခံခဲ့ရတာ။ အဲ့ဒီ ၄ ရက်နေ့တိုက်ပွဲမှာပဲ စစ်ကောင်စီဘက်ကလည်း ထိခိုက်တာနဲ့ သေဆုံးတာ ၁၅ ယောက်လောက်ရှိတယ်”ဟုပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ရေဦးမြို့နယ် မင်းပေါင်ကျေးရွာအနီးရှိ ချောင်းအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရွှေဘိုခရိုင် တပ်ရင်းမှ အသက် ၃၅ နှစ်အရွယ် ဒု–တပ်ရင်းမှူး ကိုဇင်ယော်နှင့် ရဲဘော် သောကြာတို့က ကျဆုံးသွားခဲ့ရကြောင်းသိရသည်။

အဆိုပါ PDF ဘက်မှ ကျဆုံးသွားသည့် ၃ ဦးအနက် ရွှေဘိုခရိုင်တပ်ရင်းမှ ဒု– တပ်ရင်းမှူး ကိုဇင်ယော် ခေါ်သူသည် စစ်တပ်အာဏာသိမ်းမှုမတိုင်မှီ စစ်ကိုင်းတိုင်းဒေသကြီး၏ လူငယ်ရေးရာကော်မတီဝင်တွင် ရွှေဘိုခရိုင်၏ လူငယ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူတစ်ဦးဖြစ်ပြီး ယခုလို အသက်ဆုံးရှုံးသွားသည့်အပေါ် လူငယ်များနှင့် ပြည်သူလူထုအတွက် တန်ဖိုးဖြတ်မရနိုင်သည့် ဆုံးရှုံးမှုဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ၂ နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်အင်အား ၁၀၀ ကျော်ရှိပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ရေဦးမြို့ဘက်ကနေ စတင်ဝင်ရောက်လာကာ ရေဦးမြို့နယ်၏ အနောက်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း ၂ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

May 22, 2026
အမိုး — စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတာမကြာသေးတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က...
May 21, 2026
နော်ထွယ့်(ဟူးကောင့်) — အာဏာသိမ်းစစ်တပ်က ဖားကန့်– ကားမိုင်း – နန့်ယားလမ်းပိုင်းကိုပိတ်ပြီး...
မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...