ငပလီ အပန်းဖြေအိမ်ရာ စီမံကိန်းအတွက် ရှရှား-မြန်မာ MoU လက်မှတ်ရေးထိုး

ငပလီ အပန်းဖြေအိမ်ရာ စီမံကိန်းအတွက် ရှရှား-မြန်မာ MoU လက်မှတ်ရေးထိုး

“တိုက်ရိုက် လေကြောင်း ပြေးဆွဲနိုင်ရေးကိုပါ ထပ်မံဆွေးနွေး”

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာ စီမံကိန်းအကောင် အထည်ဖော်ရေးအတွက် ရှရှား - မြန်မာ နှစ်ဖက်သဘောတူစာချုပ် (MoU)လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ လက်မှတ်ရေးထိုးမှုကို ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotel Yangon တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အပန်းဖြေ အိမ်ရာ စီမံကိန်းအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍများ အတွက်ပါ နှစ်ဖက်သဘောတူ စာချုပ် (MoU)လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်း သိရသည်။  

ထိုအပြင် ကော်ဖီ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း MoU ရေးထိုးခဲ့ပြီး ခရီးသွားကဏ္ဍအတွက် ငပလီသို့ တိုက်ရိုက် လေကြောင်း ပျံသန်းနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ထုတ်ကုန်အပြန်အလှန်တင်ပို့ နိုင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ရုရှား - မြန်မာ နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်း လိုင်း ပျံသန်းပြေးဆွဲနိုင်ရေးကို စစ်ကောင်စီ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဆွေးနွေးခဲ့ဖူးကြောင်း သိရှိရသည်။

လက်မှတ်ရေးထိုးပွဲနှင့် ဆွေးနွေးပွဲများသို့ ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ခ်ျနိကော့ ဦးဆောင်သည့် ရုရှားနိုင်ငံ စီးပွားရေးပညာရှင်များ၊ ချစ်ကြည်ရေးအဖွဲ့များ၊ Treasure Of Ngapali Development Co.,Ltd အမှုဆောင်အရာရှိချုပ်နှင့် အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့၀င်များ၊ Shwin Pyaw Pyaw Trading Co.,Ltd က အုပ်ချုပ်မှု ဒါရိုက်တာ နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မစ္စတာအန်နာသိုလီဘူးလော့ခ်ျနိကော့ ဦးဆောင်အဖွဲ့သည် ငပလီကမ်းခြေသို့လည်း သွားရောက် ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပြီး ဒေသအာဏာပိုင်အဖွဲ့အစည်းများဖြင့်လည်း တွေ့ဆုံခဲ့သေး ကြောင်း သိရှိရသည်။

စစ်တပ်အာဏာသိမ်းယူပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း မှ စတင်၍ လက်ရှိတွင် ရှရှား နိုင်ငံနှင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေး၊ ဘဏ်လုပ်ငန်း၊ သတ္တုလုပ်ငန်း စသည့် ကဏ္ဍများကို ဆွေးနွေး လက်မှတ်ရေးထိုးမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ယမန့်ကလည်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် အသုံးပြုရာ၌ ပူးပေါင်း ဆောင်ရွက်ရေး MoU ကို စစ်ကောင်စီ ခေါင်းဆောင်ရှေ့တွင် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်း အင်ကော်ပိုရေးရှင်းက တာ၀န်ရှိသူများနှင့် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးတို့က လက်မှတ်ရေးထိုး ထားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ငပလီ အပန်းဖြေ အိမ်ရာ စီမံကိန်းအကောင်အထည်ဖော်ရေး MoU လက်မှတ်ရေးထိုးမှု

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...