ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ကျောင်းသား ၁၀၀၀ကျော် ကျောင်းမတက်နိုင်သေး

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ကျောင်းသား ၁၀၀၀ကျော် ကျောင်းမတက်နိုင်သေး

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကစ ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင်စခန်း ၃ ခု အပါဝင် ဒေသခံ ပြည်သူတွေလည်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စစ်ရှောင် ကျောင်းသားလေးတွေ ကျောင်းပြန်မတက်နိုင်သေးဘူးလို့ စစ်ရှောင်တွေကပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူဦးရေ (၃၅၀၀) ဝန်းကျင်ရှိပြီး (၁၀၀၀) နီးပါးလောက်က ကျောင်းသားကျောင်းသူအရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

” နိုင်ငံတခုမှာ အားလုံးသိတဲ့အတိုင်းပဲ ပညာရေးဟာ အဓိကဖြစ်တဲ့အတွက်ကြောင့်မလို့ ကျမတို့ ပညာသင်ကြားရမယ့် ကလေးတွေ ပညာကောင်းကောင်းမသင်နိုင်ခြင်းဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် မျှော်လင့်ချက် မရှိတဲ့ အခြေအနေမျိုးဖြစ်တယ်” လို့ ဆရာမက ပြောပါတယ်။

ကျောင်းသားတွေဟာ တောတောင်တွေထဲမှာ နေရာဒေသမရွေးဘဲ ပညာရေးကို ကြိုးစားပြီး ရှာဖွေနေကြပေမယ့် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ၊ လေကြောင်းပစ်ခတ်မှုတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ တစ်စုံတစ်ရာ ထိခိုက်မှုတွေ ရှိနေနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ရှောင်နေကြရပေမယ့် မိဘတွေကတော့ သူတို့တွေရဲ့ သားသမီးပညာရေးကို အဖက်ဖက်ကနေ ဖြည့်ဆည်းပေးဖို့ ကြိုးစားနေကြပါတယ်။

“သားသမီး ကိုပညာအရမ်းပေးချင်တယ်။ ဖြစ်နိုင်ရင်ပေါ့။ ကျမတို့သားသမီးဟာ စာမေးပွဲဖြေရ ကျောင်းတက်ရ အလုပ်တခုခုရဖို့ ကျမတို့ အရမ်းပေးချင်တယ်။အရမ်းစိုးရိမ်တယ်။ ကလေးပညာရေးအတွက် တအားနှောက်နှေးသွားပြီ။ နောက်နှေးတာလည်းဖြစ်တယ်။ နောက်ကျတာလည်း ဖြစ်တယ်” လို့ ကျောင်းသားမိဘ တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေ လေကြောင်းပစ်ခတ်နေတာ ပြုလုပ်နေတာကြောင့် လုံခြုံရေးအရ စိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့ကတည်းက ထပ်ဆင့်ရွေ့ပြောင်းရတဲ့ စစ်ရှောင်စခန်း (၃)အပါအဝင် ကျေးရွာပေါင်း (၁၁)ရွာ ဟာ နေရာထိုင်ခင်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး အရေးပေါ် အမိုးအကာတွေလည်း လိုအပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...