"ရောင်နီလာရာလမ်း" မှတ်တမ်းရုပ်ရှင် ပထမဆုံးကြိမ် ပြသမှု ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ နီးပါးရရှိ

"ရောင်နီလာရာလမ်း" မှတ်တမ်းရုပ်ရှင် ပထမဆုံးကြိမ် ပြသမှု ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ နီးပါးရရှိ

ဒါရိုက်တာ ကိုပေါက်၏ "ရောင်နီလာရာလမ်း" မှတ်တမ်းရုပ်ရှင် ကို ယမန်နေ့ (ဖေဖော်ဝါရီလ ၄ ရက်) က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Kita Topia , Sakura Hall Oki station ရုပ်ရှင်ရုံတွင် ပြသခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ပထမဆုံးအကြိမ် ပြသခြင်းဖြစ်ပြီး လက်မှတ် အစောင်ရေ ၁၃၀၀ ရောင်းချခဲ့ရပြီး ရန်ပုံငွေ ကျပ် သိန်း ၁၀၀၀ နီးပါးရရှိခဲ့ကြောင်း သိရရှိခဲ့သည်။

မှတ်တမ်း ရုပ်ရှင်နှင့် ပတ်သက်ပြီး လာရောက်ကြည့်ရှုခဲ့သည့် NHK သတင်းထောက် တစ်ဦးက "ကမ္ဘာ့သမိုင်းမှာ ရေးထိုးထားရမယ့် တန်ဖိုးဖြတ်မရတဲ့ မှတ်တမ်းပါ" ဟုမှတ်ချက်ပြုခဲ့သည်။

ထိုအပြင် ဂျပန်ကျောင်းသူ တစ်ဦးမှာလည်း "မျက်ရည်ကျခဲ့ရပါတယ်တဲ့ရုပ်ရှင် ကောင်း ညွှန်ပေးလို့ ကျေးဇူးတင်ပါတယ်" ဟုမှတ်ချက်ပြုခဲ့သည်။

ပရိတ်သတ် ၁၂၀၀ ဝန်းကျင်လာရောက် ခဲ့ပြီး ဂျပန်လူမျိုး အများဆုံးနှင့် မြန်မာ၊ ကိုရီးယား၊ မလေးရှား လူမျိုးများမှ လာရောက်ကြည့်ရှုခဲ့ကြောင်းကိုလည်း သိရှိရသည်။

အလားတူ ဂျာမနီ၊ နယ်သာလန်နှင့် ဆွီဒင်မြို့များတွင်လည်း ပြသခဲ့ပြီး ၎င်းနိုင်ငံများမှ ရန်ပုံငွေရရှိမှုအား မသိရသေးပေ။

ဒါရိုက်တာ ကိုပေါက်၏ ပထမ မှတ်တမ်းရုပ်ရှင်ဖြစ်သည့် "မသောက်မိသော မိုးခါးရေ" ရုပ်ရုပ် မှတ်တမ်းကို နိုင်ငံပေါင်း ၂၀ က မြို့ ၅၀ တွင် ပြသခဲ့သေးသည်။ ၎င်း ပြသမှုများ၌ ငွေကျပ် သိန်း ၁ သောင်း ရန်ပုံငွေရရှိခဲ့ပြီး စစ်အာဏာရှင် အမြစ်ပျက်ခြေမှုန်းနေသည့် တော်လှန်ရေးအတွက် ထောက်ပို့အဖြစ် ပြုလုပ် ပေးလျက်ရှိကြောင်း သိရှိရသည်။

"ရောင်နီလာရာလမ်း" ဇာတ်လမ်းသည် ဒါရိုက်တာ ကိုပေါက်၏ အနုပညာသမားဘဝနှင့် တော်လှန်ရေး သမားဘဝ အစရှိသော ဘဝနှစ်ခု ပြောင်းလဲသွားခဲ့ရသည့် အခြေအနေကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

"မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ဇာတ်လမ်းသည် CDM ဗိုလ်ကြီးတစ်ဦး၏ အကြောင်းကို အခြေခံကာရိုက်ကူးခဲ့ထားခြင်း ဖြစ်သည်။ "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ဇာတ်လမ်းတိုသည် မိနစ် ၃၀ သာရှိပြီး ယခုပြခဲ့သည့် “ရောင်နီလာရာလမ်း”Documentary သည် (၁) နာရီနှင့် (၄၅) မိနစ် ကြာမြင့်ခဲ့သည်။

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...