အာဏာသိမ်းကာလ (၂) နှစ်အတွင်း KIAနှင့် စစ်ကောင်စီတို့ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွား

အာဏာသိမ်းကာလ (၂) နှစ်အတွင်း KIAနှင့် စစ်ကောင်စီတို့ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွား

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ (၂)နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း တစ်ထောင်ကျော်ဖြစ်ပွားခဲ့တယ်လို့ KIA/KIOပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ ၂၀၂၁ခုနှစ်အတွင်း တိုက်ပွဲပေါင်း (၆၂၁)ကြိမ်ရှိခဲ့ပြီး ၂၀၂၂ခုနှစ်မှာ (၅၀၄)ကြိမ် ရှိခဲ့တာကြောင့် (၂)နှစ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း(၁၁၂၅)ကြိမ်ရှိခဲ့ပါတယ်။

စစ်ကောင်စီကနေ အာဏာသိမ်းတာဟာ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က (၂)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး အာဏာရှင်ကို တိုက်မထုတ်နိုင်ခဲ့ရင် သားစဉ်မြေးဆက် စစ်အာဏာရှင်ရဲ့ ဖိနှိမ်မှုတွေကို ခံရမှာဖြစ်ကြောင်း အမြစ်ကနေ တိုက်ထုတ်နိုင်တဲ့အထိ ဆက်တိုက်ရမှာ ဖြစ်ကြောင်း၊ တွေ့ကြုံလာရမယ့် အခက်အခဲနဲ့ စစ်ရေးတွေမှာ အားမငယ်ဘဲ တော်လှန်ရေးခရီးမှာ အားလုံးလက်တွဲပြီး ကြိုးစားသွားဖို့အတွက်လည်း ဗိုလ်မှူးကြီးနော်ဘူက အာဏာသိမ်း(၂)နှစ်ပြည့်နေ့မှာ ပြောဆိုထားပါတယ်။

September 18, 2026
ကချင်ပြည်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်အကြားရှိ ကျေးရွာများတွင် ငှက်ဖျားနှင့် ရာသီတုပ်ကွေး...
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို...
September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...