ဗန်းမော်သို့ ဆန်တက်သည့် စစ်သင်္ဘော အများစုကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ပြော

ဗန်းမော်သို့ ဆန်တက်သည့် စစ်သင်္ဘော အများစုကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ပြော
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit

ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်က ဗန်းမော်မြို့ဘက်သို့ လက်နက်၊ ရိက္ခာနှင့် စစ်သည်များ တင်ဆောင်လာ သည့် စစ်အုပ်စု သင်္ဘောများကို KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အများစုကို ဖျက်ဆီးလိုက်နိုင်ခြင်း ဖြစ်သည်။

အဆိုပါ ဆန်တက်လာသည့် စစ်အုပ်စု၏ သင်္ဘော ၁၅ စီးခန့် ရှိသည်ဟု သတင်းများ ဖော်ပြကြပြီး သင်္ဘောများ အပြင် တွန်းသင်္ဘောများလည်း ပါဝင်သဖြင့် အစီးရေ အတိအကျကို ပြောဆိုရန် ခက်ခဲကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကျနော်တို့ အချင်းချင်းလည်း အတော်လေးကို ဆွေးနွေးညှိနှိုင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အတိအကျ ဖြေကြား ပေးနိုင်တဲ့သူ မရှိကြဘူး။ အတိုချုပ် ဖြေကြားရမယ် ဆိုရင်တော့ ပြီးခဲ့တဲ့လက တက်လာတဲ့ သင်္ဘောအများစုကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်ဖျက်ဆီးလို့ မီးလောင်ပျက်စီးပြီး ရေထဲနစ်မြှုပ်စေခဲ့တာကြောင့် အများပိုင်း ပျက်စီးသွားပြီ။ အများပိုင်း မရှိတော့ဘူးလို့ ဖြေကြားပေးလိုပါတယ်။”

သတင်းဌာနများ၏ ဖော်ပြချက်အရ ဆန်တက်လာသည့် သင်္ဘော ၁၅ စီးအနက် ၈ စီးကို ဧရာဝတီမြစ်ကျဉ်း အနီး ၌ တိုက်ခိုက်နိုင်ခဲ့ပြီး ကျန် ၇ စီးမှာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဗန်းမော်မှ ပြန်လည်စုန်ဆင်းလာသည့် သင်္ဘောများကို အပြန်လမ်းတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စက်တင် ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် စစ်သင်္ဘော ၂ စီး ထပ်မံ နစ်မြှုပ်သွားခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၉ ရက်ကလည်း ဗန်းမော်မှ ပြန်လည်စုန်ဆင်းလာသည့် သင်္ဘော ၃ စီးကို KIA ပူးပေါင်း တပ်ဖွဲ့က တားဆီးပစ်ခတ်ခဲ့သဖြင့် ၂ စီး မီးလောင်ပျက်စီးကာ ၁ စီး ရေထဲနစ်မြှုပ်သွားခဲ့သည်။

ထို့ကြောင့် ဩဂုတ်လ တတိယအပတ်က ဆန်တက်လာသည့် ပထမအသုတ် စစ်သင်္ဘောများအနက် အနည်းဆုံး ၁၀ စီးကျော်ကို ဆန်တက်ချိန်နှင့် ပြန်လည်စုန်ဆင်းချိန်များတွင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့သင်္ဘောများ တိုက်ခိုက်ခံရသော်လည်း စစ်အုပ်စုတပ်သည် ဒုတိယအသုတ်အဖြစ် စက်တင်ဘာလ န်းပိုင်း တွင် စစ်သင်္ဘော ၃၁ စီးဖြင့် ထပ်မံ ဆန်တက်လာခဲ့သည်။

အဆိုပါ သင်္ဘောများ အနက် ရွှေကူမြို့သို့ ဝင်ရောက်လာသည့် သင်္ဘော ၃ စီးအနက် ပစ္စည်းတင်ဆောင်လာသည့် သင်္ဘော ၂ စီးကို KIA ပူးပေါင်းတပ်ဖွဲ့က တားဆီးပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် စက်တင်ဘာလ ၈ ရက်နေ့ ကလည်း ကသာဆိပ်ကမ်း၌ ရောက်ရှိနေသည့် သင်္ဘော ၂ စီးကို ဒရုန်းဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

လက်ရှိတွင် ဗန်းမော် - ရွှေကူ မြစ်ကြောင်းတစ်လျှောက်၌ စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ ၃ မျိုးလုံး အသုံးပြု၍ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ နေ့စဉ် ပြင်းထန်လျက်ရှိသည်။

September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...