(၇၆) နှစ်မြောက် "မွန်အမျိုးသားနေ့" စည်းကားသိုက်မြိုက်စွာကျင်းပ

(၇၆) နှစ်မြောက် "မွန်အမျိုးသားနေ့" စည်းကားသိုက်မြိုက်စွာကျင်းပ

ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်နေ့) ကျရောက်သည့်  (၇၆) နှစ်မြောက် "မွန်အမျိုးသားနေ့" ကို မွန်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးနှင့် မွန်လူမျိုးများ ရောက်ရှိရာ တိုင်းပြည်များတွင် စည်းကား သိုက်မြိုက်စွာကျင်းပပြုလျက်ရှိကြောင်း သိရှိရသည်။

မုဒုံမြို့နယ်က ဒေသခံ တစ်ဦးက "ကျနော်တို့ရဲ့ အမျိုးသားနေ့ပဲလေ။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ လူမျိုး တိုင်းမှာ အမျိုးသားနေ့ အထိမ်းအမှတ်ဆိုတာ လူမျိုးတိုင်းမှာ ရှိကြတယ်လေ။ မွန်လူမျိုးတွေ အနေနဲ့လည်း ဒီနေ့ကျရောက်တဲ့နေ့မှာ မွန်အမျိုးသားနေ့မှာ တခဲနက် ကျင်းပကြတယ်လေ။ အခမ်းအနားတွေသာမက  ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲတွေလည့် ထည့်သွင်းကျင်းပကြတယ်။ ညနေပိုင်းမှာတော့  မွန်ရိုးရာအက တေးဂီတ ဖြေဖျော်ပွဲတွေနဲ့  ထမနဲ ထိုးပွဲလုပ်မယ်"ဟု ပြောသည်။

မွန်အမျိုးသားနေ့တွင် မွန်အမျိုးသား အလံတော်ကို အလေးပြုခြင်း၊ ဟောပြောပွဲ ကျင်းပခြင်း၊ စာပေယဉ်ကျေးမှုပြိုင်ပွဲများ ကျင်းပခြင်း၊ အားကစား ပြိုင်ပွဲများ ကျင်းပခြင်း၊ ထမနဲထိုးပွဲများ ကျင်းပခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း ၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းများကို ထည့်သွင်းပြုလုပ်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG မှလည်း (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့သို့ သဝဏ်လွှာ ရေးသားပေးပို့ခဲ့သည်။

"ယနေ့ကျရောက်သော မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း(၇၀)ကျော် အသက်သွေး ချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွှတ်ဂုဏ်ပြုပါကြောင်းနှင့် နွေဦးတော် လှန်ရေးတွင် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူ ပြည်သားများ၊ မွန်အမျိုးသမီးများ၊ မွန်လူငယ်များ၊ မွန်ကျောင်းသား ကျောင်းသူများအား အထူးပင် လေးစားဂုဏ်ပြု ပါကြောင်း" သဝဏ်လွှာထဲတွင် ရေးသားထားသည်။

မုဒုံမြို့နယ်ရှိ ကမာဝက်မြို့နှင့် ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ တော်ကနာကျေးရွာတို့တွင် ကျင်းပသည့် (၇၆) နှစ်မြောက် မွန်တိုင်းရင်းသားနေ့မှာ အလွန်စည်ကားပြီး မွန်အမျိုးသား ထောင်ချီ တက်ရောက်ခဲ့သည်ဟု  သိရှိရသည်။

ထိုအပြင် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှလည်း တော်လှန်ရေး နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ မြန်မာသက္ကရာဇ် ၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့သည် မွန်လူမျိုးတိုင်းရင်းသားတို့၏ "မွန်အမျိုးသားနေ့"ဖြစ်သည်။ မွန်အမျိုးသားနေ့ကို ၁၉၄၇ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခု နှစ်သည် (၇၆) ကြိမ်မြောက် ဖြစ်သည်။

ပုံစာ - မုဒုံမြို့နယ်၊ ကမာဝက်မြို့နှင့် ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ တော်ကနာကျေးရွာတွင် ပြုလုပ်သည့် (၇၆) မြောက် မွန်အမျိုးသားနေ့ အခမ်းအနား

July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...
July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...
July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...