ချင်းပြည်နယ်၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မျိုးနွယ်စုပါတီငယ်များ ပျောက်ကွယ်ဖွယ်ရာရှိ

ချင်းပြည်နယ်၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မျိုးနွယ်စုပါတီငယ်များ ပျောက်ကွယ်ဖွယ်ရာရှိ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ပြီးခဲ့သည့်ဇန်နဝါရီလ ၂၆ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပြီးနောက်ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် မြို့နယ်အလိုက်ရှိ မျိုးနွယ်စုနိုင်ငံရေးပါတီများ ပျောက်ကွယ်သွားနိုင်သည်ဟု ချင်းနိုင်ငံရေးပါတီများ အသိုင်းအဝန်းမှ သိရသည်။

ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်တွင်’’ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဝန်ခံချက် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ငါးမြို့နယ်၌ ပါတီရုံးခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက်'' ဟု ပါရှိသည်။

‘’သူတို့ ပစ်မှတ်ကတော့  NLDကို ဖြိုခွဲချင်တာပေါ့ဗျာ ။ဒါပေမယ့်ကျန်တဲ့ ပါတီငယ်တွေအားလုံးက ထိကုန်တာပေါ့။ ဥပမာပြောပြမယ်ဗျာ။ ကျွန်တော်တို့ ချင်းပါတီတွေအနေနဲ့ ဘဏ်မှာငွေသိန်း တစ်ရာ အပ်နှံရမယ်ပေါ့။ ဒါကကျွန်တော်တို့ လူ ငါးယောက်စုလိုက်ရင်တောင် သိန်းတစ်ရာပြည့်တယ်။ လူဦးရေ ၁,၀၀၀ စုဆောင်းရမယ်ဆိုတာကလည်း အဆင်ပြေသေးတယ်။ ဒါပေမယ့် မြို့နယ် ငါးမြို့နယ်အနည်းဆုံးရုံးဖွင့်ရမယ်ဆိုတာက နည်းနည်းလေးခက်ခဲလာပြီး၊ အရင်ကလို ခေတ်ကောင်းချိန်မှာတောင်မလွယ်တာလေ။ အခုလို အချိန်မျိုးမှာ ချင်းမှာဘယ်လိုပါတီရုံးဖွင့်မလဲ’’ဟုချင်းနိုင်ငံရေးပါတီများထံမှ သိရသည်။

သည့်အပြင် လက်ရှိနိုင်ငံရေးပါတီ ၉၂ပါတီ မှတ်ပုံတင်စာရင်းသွင်းထားသော်လည်း ယခုနိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေသစ်အရ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီ ၁၀ခု ကျန်ရစ်ဖို့တောင် မလွယ်ကူနိုင်ဟုလည်း ၎င်းက ဆက်ပြောသည်။

‘’တစ်ချို့ကပြောကြတယ်၊ ပါတီငယ်တွေကို ဦးစားပေးတာပေါ့။ ပြည်နယ်နဲ့တိုင်းမှာပါတီငယ်လေးတွေက ပိုအားကောင်းလာမယ်ပေါ့။ တချို့ကလည်း ပြောတယ်။ ပြည်ထောင်စုအဆင့်မှာတော့ အခုလက်ရှိ အခြေနေအရ USDP ကလွဲပြီး ဘယ်ပါတီမှအဆင်သင့်ဖြစ်မှာမဟုတ်ဘူး ဆိုကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ချင်းမှာတော့ နိုင်ငံရေးပါတီတွေ ရှင်သန်ဖို့မလွယ်ကူတော့ဘူးဖြစ်သွားတယ်။ အခုလက်ရှိ ချင်းပါတီတွေကလည်း ပါတီရှင်သန်ဖို့ပဲကြိုးစားရုန်းကန်နေကြတာ၊ ဘယ်သူမှလည်း ရွေးကောက်ပွဲဝင်မှာမဟုတ်ဘူး၊ အခုကျတော့ပါတီပါ ပယ်ဖျက်ခံရတော့မယ့် အခြေနေဖြစ်သွားပြီလေ။’’ဟုလည်း ၎င်းကဆိုသည်။

နယ်မြေအခြေအနေအရ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲလုပ်ဆောင်ရန်ခက်ခဲနေပြီး အစိုးရအဖွဲ့ရုံးစိုက်ရာ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် အစိုးရဌာနဆိုင်ရာတချို့ ရုံးတက်ရောက်ခြင်းမရှိဘဲ စုပေါင်းနေထိုင်နေကြရသည်ဟုလည်း သိရှိပြီး ဒေသခံကာကွယ်ရေးတပ်များမှလည်း ရွေးကောက်ပွဲတွင် ပါဝင်ဦးဆောင်သူများကို ပြင်းပြင်းထန်အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားရှိသည်။

လက်ရှိ ချင်းပြည်နယ်အတွင်း ချင်းပါတီ သုံးပါတီပူးပေါင်းထားသည့် ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(CLD)၊ Zomi Congress for Democracyပါတီ၊ ခူမီးအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ အသီးသီးရှိကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...