လှိုင်မြို့နယ်ရှိ ရွှေဝါဆပ်ပြာစက်ရုံမန်နေဂျာ ပစ်ခတ်ခံရ၍ သေဆုံး

လှိုင်မြို့နယ်ရှိ ရွှေဝါဆပ်ပြာစက်ရုံမန်နေဂျာ ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ယာတွင် ရွှေဝါ ဆပ်ပြာစက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာ ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

“သူက စက်ရုံမှာပဲနေပုံရတယ်။ မနက် ၆ နာရီကျော်ကြီး အဲဒီကိုရောက်နေရအောင်။ ဒါမှမဟုတ် သူက ဒီမှာလာရှောင်နေတာလား။ အရင်ကကျူးတွေဖျက်တော့ စစ်တပ်ကိုကူညီပေးဖူးတယ်ဆိုတဲ့ ကေစ့် (Case)တွေ ရှိတယ်” ဟု ပစ်ခတ်ခံရသည့်အကြောင်းအရင်းနှင့် ပတ်သက်ပြီး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူမှာ ရွှေဝါဆပ်ပြာစက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်စိုးဆိုသူဖြစ်ပြီး အငြိမ်းစား ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဦးမြင့်စိုး စက်ရုံမှထွက်လာစဉ် စျေးဆိုင်တစ်ခုအရောက်၌ ပစ်ခတ်ခံရမှုကြောင့် မျက်နှာတွင် ကျည်ထိ မှန်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးမြင့်စိုးပစ်ခတ်ခံရပြီးနောက် ရတနာမွန် အိမ်ရာအတွင်းသို့ စစ်ကောင်စီတပ်သား အင်အားအများအပြားရောက်ရှိလာကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး သေဆုံးသူ၏ အလောင်းကို သယ်ဆောင်သွားကြောင်း ဒေသခံများထံကတဆင့် သိရသည်။

အဆိုပါပစ်ခတ်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်း မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...