ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့ ပါဆယ်ချိန်ကိုက်ဗုံး ပို့ခံရ

ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့ ပါဆယ်ချိန်ကိုက်ဗုံး ပို့ခံရ

စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့ ပါဆယ် ချိန်ကိုက်ဗုံး ပို့ခံရပြီးနောက် ကမာရွတ်မြို့နယ်အတွင်း စစ်အုပ်စုတပ်က ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုက ဒီစီကားလေးစီးဖြင့် လမ်းပိတ်ကာ ဗုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်က ပြောသည်။

ထိုဖြစ်စဉ်ကို စစ်အုပ်စုတပ်ဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းမထုတ်ပြန်ဘဲ သတင်းအမှောင်ချ ထားသည်။

ပါဆယ်ဗုံးပို့ခဲ့သည့် အဖွဲ့တာဝန်ရှိသူက “ပစ္စည်းပို့တဲ့ကုမ္ပဏီ ဟန်ဆောင်ပို့တာပါ။ Casualties (လူထိခိုက်မှု) မရှိအောင် အဘက်ဘက်က စဉ်းစားတွက်ချက်ပြီး စီစဉ်ကြတာပါ။ လမ်းသွားလမ်းလာကို စစ်ဆေးမှုမရှိဘဲ လမ်းကိုပဲ ပိတ်ထားခဲ့တာပါ။ ၄၅ မိနစ်လောက်နေတော့ သူတို့ပြန်ထွက်သွားကြပါတယ်” ဟု ပြောသည်။

ထိုနေ့ညပိုင်းတွင် ဒီစီကားနှစ်စီးဖြင့် ရပ်ကွက်အတွင်း ကင်းပတ်လှည့်လည်ခဲ့ပြီး အရပ်သားများကို ဖမ်းဆီး စစ်ဆေးမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပါဆယ်ချိန်ကိုက်ဗုံး ပို့ဆောင်ခဲ့သည့် တော်လှန်ရေးအဖွဲ့၏ အမည်ကို လုံခြုံရေးအရ မဖော်ပြရန် သတင်းရင်း မြစ်က မဇ္ဈိမကို ပြောသည်။

လေတပ်ချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီးဖြစ်သူ ဒေါ်တင်မိုးနွယ်တို့ ပိုင်ဆိုင်သည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သီရိမင်္ဂလာလမ်းရှိ နေအိမ်သို့ ဒေါ်တင်မိုးနွယ်အမည်ဖြင့် ပါဆယ်ဗုံး ပို့ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လက်ရှိတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးချုပ် (ကကလှမ်း) အနီးရှိ သီးသန့်စစ်ဘက်ဗဟိုဇုန် အဆင့်မြင့်အိမ်ရာတွင် နေထိုင်လျက် ရှိသည်။

၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၉) ဆင်း ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် ရာထူးတိုးခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

ထို့ကြောင့် ၎င်း ကာကွယ်ရေးဦးစီးချုပ် (လေ) တာဝန်ယူစဉ် ကာလအတွင်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများအနက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အရေ အတွက် အများဆုံးဖြစ်ခဲ့သည့် အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုကြီးများ၏ အဓိကတာဝန်ရှိသူလည်း ဖြစ်သည်။

အဆိုပါ အရပ်သားများဆီသို့ ရည်ရွယ်တိုက်ခိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများမှာ စစ်ကိုင်းတိုင်းရှိ ပဇီကြီးရွာ၊ ကချင်ပြည်ရှိ ဖားကန့် (အနန့်ပါ)၊ ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံ (လွယ်ယိန်းဒုက္ခသည်စခန်း)၊ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း (လက်ယက်ကုန်းရွာ စာသင်ကျောင်း) တိုက်ခိုက်မှုနှင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ မကွေးရွာတိုက်ခိုက်မှုတို့ ဖြစ်ကြသည်။

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...