“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို လမင်းတမာန်ဘကောင်း ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မလူကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားစဉ် အကြမ်းဖက်သမားများသည် ပြည်သူများ၏နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေကာ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် အဆိုပါကျေးရွာနေ ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် ၁၀ လုံး၊ လယ်ထွန်စက် ၃ စီး၊ စပါးကြိတ်စက် ၃ လုံး၊ ထော်လာဂျီယာဉ် ၁ စီးနှင့် ရေစုပ်စက် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တမူးမြို့နယ်၊ မလူကျေးရွာခံတစ်ဦးက “ပျူစောထီးအုပ်စုနဲ့ တမူး PDF တပ်ရင်း(၃)တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးခေါင်းဆောင်နှစ်ဦး သေဆုံးတာ အဲ့ဒီလို ပျူခေါင်းဆောင်တွေသေဆုံးပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေက မလူကျေးရွာက NLD ပါတီတာဝန်ခံဟောင်း ကိုတင့်ကိုနေအိမ်ကနေ ခေါ်ဆောင်သတ်ဖြတ်ခဲ့ပြီး ရွာခံ NLD ပါတီ ဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ” လို့ပြောပါတယ်။

ဆက်လက်ပြီး "ရွာထဲမှာတော့ ကမ္ဘာပျက်သလိုပဲ၊ သူတို့ဘက်က‌ ပျူတွေသေတယ်ဆိုတော့ ပြန်လက်စားချေမယ်ဆိုပီး မင်းသမီးရွာကပျူတွေကိုပါခေါ်လာတာ၊ အကုန်ထွက်ပြေးရတာ၊ ကိုတင့်ကိုလည်း သူတို့ပဲသတ်ပစ်လိုက်ကြတာ၊ တခြားNLDကလူတွေ မိသားစုလိုက်ကိုထွက်ပြေးကြရတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တမူးမြို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလှုပ် ရှားမှုအားကောင်းသလို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေလည်း စုဖွဲ့လှုပ်ရှားမှုအားကောင်းတဲ့ ဒေသဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒါကြောင့် လမင်းတမာန်ဘကောင်း အကောင့်မှာရေးသာဖော်ပြထားသလို “အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားစဉ် အကြမ်းဖက်သမားများသည် ပြည်သူများ၏နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေကာ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတာသတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...