စစ်ကိုင်းမြို့နယ်မှာရှိတဲ့ မင်းကွန်းဘုရား ထီးတင်ပွဲမှာ လာရောက်ကင်းစောင့်နေတဲ့ စစ်ကောင်စီနဲ့ PDF တို့ထိတွေ့တိုက်ပွဲဖြစ်ပွာပြီး PDF များမှ ဘုန်ကြီကျောင်းနဲ့ အိမ်များကိုမီးရှို့ဆိုတဲ့သတင်းအမှား

စစ်ကိုင်းမြို့နယ်မှာရှိတဲ့ မင်းကွန်းဘုရား ထီးတင်ပွဲမှာ လာရောက်ကင်းစောင့်နေတဲ့ စစ်ကောင်စီနဲ့ PDF တို့ထိတွေ့တိုက်ပွဲဖြစ်ပွာပြီး PDF များမှ ဘုန်ကြီကျောင်းနဲ့ အိမ်များကိုမီးရှို့ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို အမွှေစိန် မျိုးချစ်မြန်မာဆိုတဲ့ အကောင့်ကနေပြီး “စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းဘုရား ထီးတင်ပွဲအတွက် လာရောက်တာဝန်ယူပေးကြသော စကစ နှင့် Pdf တို့ ထုံးဘိုလေးရွာတွင် ထိတွေ့ဖြစ်ပွားကြရာ ပဒက်များမှ ဆုတ်ပြေးပြေးရင် ဘုန်းကြီးကျောင်းနှင့် အိမ်များအား မီးရှို့သွားခဲ့ရာ အိမ်ခြေ ၅၀ နီးပါး မီးလောင် ပျက်စီးသွားပြီး ရွာသားတစ်ဦး မီးလောင်ဒဏ်ရာဖြင့်သေဆုံးနေကြောင်း ဒေသခံ ရွားသားမှ ပြောပြ၍ သတင်းရရှိပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီတော့ စစ်ကိုင်းမြို့နယ် ဒေသခံတစ်ဦးက “ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀နာရီလောက်မှာ စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့တာ နေအိမ် ၁၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်။ ပြီးတော့ ဒေသခံပြည်သူတစ်ဦးကိုလည်း ခြေလက်များဖြတ်ကာ မီးရှို့သတ်ဖြတ်ခံခဲ့တာ” လို့ပြောပါတယ်။

ဒါ့အပြင် "စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။" လို့ Wetlet Information Network အဖွဲ့က ပြောပါတယ်။

ဒေသခံနောက်တစ်ဦးကလည်း "ထုံးဘိုတင်မကဘူး။ စစ်ကောင်စီမီးရှို့လို့ အဲဒီဘက်မြစ်ကမ်းတလျှောက် ရွာတွေပြေးနေရပြီ။" လို့ပြောပါတယ်။

ဒါကြောင့် သတင်းအမှားမှာဖော်ပြထားသလို PDF များမှ ဘုန်ကြီကျောင်းနဲ့ အိမ်များကိုမီးရှို့ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...