ကော့ကရိတ်၊ သာယာကုန်းရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဆယ်နှစ်အရွယ်ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကော့ကရိတ်၊ သာယာကုန်းရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဆယ်နှစ်အရွယ်ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ မောင်းမကျေးရွာအုပ်စု သာယာကုန်း ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းတွင် လက်နက်ကြီးကျည် အကြွး အကျန်တစ်လုံး ပေါက်ကွဲသဖြင့် ကလေးငယ် ၁ ဉီးသေဆုံးပြီး ၂ ဉီးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မကြာသေးခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် သာယာကုန်းကျေးရွာတွင် မပေါက်ကွဲသေး သည့် ၄၀ မမကျည်တစ်လုံးကို ကလေးငယ်တစ်ဦးက သွာကောက်မိရာ၌ ပေါက်ကွဲခဲ့ခြင်း ကြောင့် အသက် ၁၀ နှစ်အရွယ် စောကောင်းကောင်းပွဲချင်းပြီး သေဆုံးပြီး မျိုးဝင်းဇော်(၇)နှစ်၊ ကျော်ခူး(၂)နှစ်နှင့် ဒေါ်ဖူးမူး(၅၃)နှစ်တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းက “အရင်တိုက်ပွဲဖြစ်တုန်းက မပေါက်ကွဲတဲ့ ၄၀ မမ ကျည်နှစ်လုံးရှိတယ်။ ရွာပြင်မှာ တော့ သွားထားတယ်။ ကလေးက တစ်လုံးသွားယူပြီးရွာထဲ ယူလာတယ်။ လွယ်အိတ်ထဲလူတွေထုတ်ပြတော့ ပြုတ်ကျပြီးပေါက်ကွဲသွားတယ်။ ကျည်ထုတ်ပြတဲ့ ကလေးတော့ကြည့်လို့တောင်မကောင်းဘူး။ အဲဒီမှာ တစ်ဦးသေပြီးသုံးဦးဒဏ်ရာ ရတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိသည့် ထိုဒေသတွင် မပေါက်ကွဲသေး သော လက်နက်ကြီးကျည်များရှိသဖြင့် ရွာသူ/ရွာသားများကို အသက်အန္တရာယ်မဖြစ်အောင် အသိပညာပေးသင်တန်းများ ထပ်မံပေးသင့်ကြောင်း မောင်းမ အုပ်စုဒေသခံတစ်ဦးက ပြောသည်။

“သင်တန်းတော့ပေးတာရှိတယ်။ ဒီထက်များများပေးဖို့လည်း လိုသေးတယ်။ ရွာက လူကြီးတွေကလည်း လုပ်ရဲတယ်၊ သွားကိုင်ရဲတယ်ဆိုတဲ့ လူတွေလည်းအများ ကြီးရှိ တယ်။ အဲ့လိုလူကြီးတွေလိုက်ကိုင်တော့ ကလေးတွေက ကြည့်ပြီး အတုယူ လိုက်ကိုင်တာပဲ ကျနော်မြင်တယ်။ လူကြီးတွေက အဲ့လိုတွေ့ရင် မကိုင်ရဘူး။ မထိရဘူး လိုက်ပြောရင်ပိုကောင်းတာပေါ့”ဟု မောင်းမရွာသစ်ရွာခံ တစ်ဦးက ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိခိုက်သေဆုံး သူအများအများရှိသလို လက်ရှိ ကော့ကရိတ်ဒေသ ကျေးရွာများတွင် မပေါက်ကွဲသေး သည့်လက်နက်ကြီးကျည်အကျန်အများအပြားရှိသည်ဟု ဒေသခံများက ပြောသည်။

Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...