ကော့ကရိတ်၊ သာယာကုန်းရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဆယ်နှစ်အရွယ်ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကော့ကရိတ်၊ သာယာကုန်းရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဆယ်နှစ်အရွယ်ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ မောင်းမကျေးရွာအုပ်စု သာယာကုန်း ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းတွင် လက်နက်ကြီးကျည် အကြွး အကျန်တစ်လုံး ပေါက်ကွဲသဖြင့် ကလေးငယ် ၁ ဉီးသေဆုံးပြီး ၂ ဉီးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မကြာသေးခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် သာယာကုန်းကျေးရွာတွင် မပေါက်ကွဲသေး သည့် ၄၀ မမကျည်တစ်လုံးကို ကလေးငယ်တစ်ဦးက သွာကောက်မိရာ၌ ပေါက်ကွဲခဲ့ခြင်း ကြောင့် အသက် ၁၀ နှစ်အရွယ် စောကောင်းကောင်းပွဲချင်းပြီး သေဆုံးပြီး မျိုးဝင်းဇော်(၇)နှစ်၊ ကျော်ခူး(၂)နှစ်နှင့် ဒေါ်ဖူးမူး(၅၃)နှစ်တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းက “အရင်တိုက်ပွဲဖြစ်တုန်းက မပေါက်ကွဲတဲ့ ၄၀ မမ ကျည်နှစ်လုံးရှိတယ်။ ရွာပြင်မှာ တော့ သွားထားတယ်။ ကလေးက တစ်လုံးသွားယူပြီးရွာထဲ ယူလာတယ်။ လွယ်အိတ်ထဲလူတွေထုတ်ပြတော့ ပြုတ်ကျပြီးပေါက်ကွဲသွားတယ်။ ကျည်ထုတ်ပြတဲ့ ကလေးတော့ကြည့်လို့တောင်မကောင်းဘူး။ အဲဒီမှာ တစ်ဦးသေပြီးသုံးဦးဒဏ်ရာ ရတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိသည့် ထိုဒေသတွင် မပေါက်ကွဲသေး သော လက်နက်ကြီးကျည်များရှိသဖြင့် ရွာသူ/ရွာသားများကို အသက်အန္တရာယ်မဖြစ်အောင် အသိပညာပေးသင်တန်းများ ထပ်မံပေးသင့်ကြောင်း မောင်းမ အုပ်စုဒေသခံတစ်ဦးက ပြောသည်။

“သင်တန်းတော့ပေးတာရှိတယ်။ ဒီထက်များများပေးဖို့လည်း လိုသေးတယ်။ ရွာက လူကြီးတွေကလည်း လုပ်ရဲတယ်၊ သွားကိုင်ရဲတယ်ဆိုတဲ့ လူတွေလည်းအများ ကြီးရှိ တယ်။ အဲ့လိုလူကြီးတွေလိုက်ကိုင်တော့ ကလေးတွေက ကြည့်ပြီး အတုယူ လိုက်ကိုင်တာပဲ ကျနော်မြင်တယ်။ လူကြီးတွေက အဲ့လိုတွေ့ရင် မကိုင်ရဘူး။ မထိရဘူး လိုက်ပြောရင်ပိုကောင်းတာပေါ့”ဟု မောင်းမရွာသစ်ရွာခံ တစ်ဦးက ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိခိုက်သေဆုံး သူအများအများရှိသလို လက်ရှိ ကော့ကရိတ်ဒေသ ကျေးရွာများတွင် မပေါက်ကွဲသေး သည့်လက်နက်ကြီးကျည်အကျန်အများအပြားရှိသည်ဟု ဒေသခံများက ပြောသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...