မွန်ကလောင်ရှင်များပေါ်ထွက်လာစေရေးအတွက် ဆွေးနွေးပွဲများကျင်းပမည်

မွန်ကလောင်ရှင်များပေါ်ထွက်လာစေရေးအတွက် ဆွေးနွေးပွဲများကျင်းပမည်
by -
ရဲနိုင်
စက်တင်ဘာ ၂၄၊ ရဲနိုင်။ မွန်သုတရသစာပေများထွန်းကားလာစေရေးနှင့် မွန်ကလောင်ရှင်များ ပေါ်ထွက်လာစေရေးတို့အတွက် ဆွေးနွေးပွဲများကို လာမည့်စက်တင်ဘာလနောက်ဆုံးပတ်မှစတင်ကာ ပြုလုပ်ကျင်းပသွားရန်ရှိ ကြောင်း ကျင်းပရေးစီစဉ်နေသူများထံက သိရသည်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ နန္ဒဝန်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ရေးမြို့နယ်၊ ဒူးယားကျေးရွာမှ မင်းချမ်းထိုက်(အယ်ဒီတာ၊ အမတ်ဒိန်ဂျာနယ်)နှင့် မွန်ဝါရင့်ကလောင်ရှင် နိုင်လယီရော့တို့က ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးစီစဉ်သူ နိုင်ရာမည အိမ်ချိုင်က ပြောသည်။ '' မွန်စာပေလောကမှာ မွန်ကလောင်ရှင်တွေက မရှိသလောက်နည်းပါးနေတာကိုတွေ့ရတယ်၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေထုတ်ဝေတဲ့အခါမှာ မွန်စာမူရရှိမှုအနေနဲ့ အရမ်းကိုခက်ခဲတယ်၊ ဒီအခက် အခဲတွေကိုကျော်လွှားနိုင်ဖို့ ပညာရှင် ၂ ဦးကိုဖိတ်ခေါ်ပြီးတော့ ပြုလုပ်ရခြင်းဖြစ်တယ် '' ဟု ၄င်းက ဆိုသည်။ သံဖြူဇရပ်မြို့တွင် မွန်ကလောင်ရှင်များပေါ်ထွက်ရေး ဆွေးနွေးပွဲကို ပထမဦးဆုံးအကြိမ်ကျင်းပခြင်း ဖြစ်ပြီး ရံပုံငွေရရှိမှုအပေါ်မူတည်ပြီး ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ကရိတ်မြို့နယ်တို့တွင် ဆက်လက်ဆောင်ရွက်သွားရန်ရှိသည်ဟုလည်း ၄င်းက ဆက်လက်ပြောကြားသည်။ '' စာပေယဉ်ကျေးမှုပျောက်ပျက်မသွားအောင် ထိန်းသိမ်းဖို့က အင်မတန်မှ လိုအပ်နေတဲ့ကွက်လပ်ကို ဖြည့်ပေးတာလို့မြင်တယ်၊ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေဖို့လိုအပ်တယ် '' ဟု ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ နိုင်စံက မှတ်ချက်ပြုသည်။ ယခုနှစ် ဇန်နဝါရီလက မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဓါတ်တော်ပေါင်းစုံကျောင်းတိုက်တွင် မွန်ကလောင်ရှင်များအသင်းကို ယာယီအမှုဆောင် ၁၅ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံများရေးဆွဲကာ စနစ်တကျ အကောင်အထည်ဖောင်ဆောင်ရွက်ရန်နှင့် မွန်စာရေးဆရာများအသင်း၊ မွန်ကလောင်ရှင်များ အသင်းဖွဲ့စည်းကာ မွန်စာပေပြန်လည်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးရန်ဆောင်ရွက်ခြင်းနှင့် မွန်ကလောင်ရှင်များကွန်းဖရင့်ကျင်းပကာ မွန်စာပေယဉ်ကျေးမှုနှင့်သက်ဆိုင်သော ဖွံ့ဖြိုးမှုကဏ္ဍများ၊ မွန်-မြန်မာ၊ မွန်အင်္ဂလိပ်အဘိဓာန်တို့ လုပ်သွားရန်ရှိသည်ဟု မွန်ကလောင်ရှင်များအသင်းယာယီအမှုဆောင် တစ်ဦးဖြစ်သူ ဦးမင်းအောင်ဇေက ပြောဆိုထားသည်။
ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...