̏ဒီအငြိမ်းစားယူထားတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ ပုဂ္ဂိုလ်တွေပါသင့်သလို တကယ့် အရပ်ဖက်လူ့အဖွဲ့အစည်းက တကယ့်ကို ဘယ်ဖက်ကိုမှ ဘက်မလိုက်တဲ့ ၊အမှန်တိုင်းကို တင်ပြနိုင်တဲ့သူတွေပါနိုင်ရင်တော့ ပိုကောင်းတာပေါ့ ̋ ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်ဟု ပြောသည့်အထဲတွင် အငြိမ်းစားယူထားသည့် အသိပညာရှင် အတတ်ပညာရှင်များ အပြင် ရွေးကောက်ပွဲအကြောင်းကို ထဲထဲဝင်ဝင်သိရှိပြီး မည်သည့်ဘက်ကိုမျှ ဘက်မလိုက်ပဲ တင်ပြနိုင်သည့် အရပ်ဖက်လူ့အဖွဲ့အစည်း၏ ကိုယ်စားလှယ်များ ပါဝင်လျှင် သမာသမကျသည့် အားကောင်းသော ကော်မရှင်တရပ်ဖြစ်လာနိုင်ကြောင်း ခူးပလုရယ် ဆက်ပြောသည်။
ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းရာတွင် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက် အဆင့်ထိ ဖွဲ့စည်းရာတွင် ရပ်မိရပ်ဖကန့်သတ်ချက်များရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်လက်ထောက်ညွန်ကြားရေးမှူး ဦးညီညီမင်းက ပြောကြားသည်။
̏ အနညး်ဆုံးအသက် ၅၀ရှိရမယ်။ နိုင်ငံရေးပါတီနဲ့လွတ်ကင်းတဲ့သူဖြစ်ရမယ်။ အများယုံကြည်ကိုးစားပြီး တင်မြောက်တဲ့သူဖြစ်ရမယ်။ စီအက်အိုတွေမပါဘူး ဆိုတာလည်း တချို့လည်းပါကောင်းပါနိုင်ပါတယ်။ သူ့ကန့်သတ်ချက်နဲ့ သူတော့ရှိရမှာပေါ့ ̋ ဟု ပြောသည်။
ယခုလို ကယားပြည်နယ်ရှိ ရွေးကောက်ပွဲကော်မရှင်များ လုပ်ဆောင်လျှက်ရှိသော လုပ်ငန်းများသည် ရဲရဲဝံ့ဝံ့နှင့် မှန်မှန်ကန်ကန်လုပ်ပေးနိုင်သည့် အတိုင်းအတာတွင် အားနည်းနေသေးကြောင်း၊ အမိန့်နာခံမှု ဟူသည့်အထဲတွင်သာ ရှိနေသေးကြောင်း ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုသည့်နေရာတွင် ၄င်းတို့၏လုပ်ငန်းဆောင်ရွက်မှု အသားမကျသေးသည့်အတွက်ကြောင့် အားရမှုမရှိသေးကြောင်း ခူးပလုရယ် ပြောကြားခဲ့သည်။







