စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေခြင်းကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ဒေသခံ ၁၃,၀၀၀ ကျော် အရေးပေါ်ရှောင်တိမ်းနေရ

စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေခြင်းကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ဒေသခံ ၁၃,၀၀၀ ကျော် အရေးပေါ်ရှောင်တိမ်းနေရ

စစ်ကိုင်းတိုင်း၊ ပုသိမ်-မုံရွာလမ်းပေါ်ရှိ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၁၃,၀၀၀ ကျော်သည် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

“စစ်ကြောင်းက ယင်းမာပင်မြောက်ခြမ်းကတဆင့် အရပ်အခေါ် ဒလန်ကုန်း(အကျိုးကုန်း) ရွှေတောင်ဦး ကုန်းကနေ စစ်ကြောင်းထိုးလာတာပါ”ဟု ယင်းမာပင်၊ ဆားလင်းကြီး လူထုသပိတ်ခေါင်းဆောင်တစ်ဦးက မဇ္စျိမကို ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားများသည့် ယင်းမာပင်မြောက်ခြမ်း ကျောက်မှော်၊ စုန်းချောင်း၊ ပန်းတိမ်ပြင်၊ ငွေဆောင်စသည့်ကျေးရွာများမှတဆင့် ရွှေတောင်ဦးကုန်းတွင်ရပ်နားပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းဆိုသည်။

မဇ္စျိမမှလက်ခံရရှိသော ဗီဒီယိုမှတ်တမ်းနှင့်ရုပ်ပုံများတွင် ပြည်သူများသည် ယာဉ်အမျိုးမျိုးဖြင့်အထုပ် အပိုးများဆွဲလျက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အပြင် အိမ်မွေးတိရိစ္ဆာန်များပါ ခေါ်ဆောင်လာခြင်းများ တွေ့ရှိရသည်။



စစ်ကောင်စီတပ်က မည်သည့်အတွက် ယခုကဲ့သို့စစ်ကြောင်း ထိုးဝင်ရောက်လာခြင်းနှင့် နေအိမ်စွန့်ခွာ တိမ်းရှောင်နေရသော ပြည်သူများ၏အခြေအနေကို မဇ္စျိမအနေဖြင့် အသေးစိတ်သိရှိရန် ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...