ရခိုင်တိုက်ပွဲတွင် ဒဏ်ရာရ AA တပ်ဖွဲ့ဝင်များကို နွေဦးတော်လှန်ရေးမှ ဆေးလောကသားများက ဆေးကုသပေးခဲ့ကြောင်း AA ဒု-တပ်ချုပ်ပြော

ရခိုင်တိုက်ပွဲတွင် ဒဏ်ရာရ AA တပ်ဖွဲ့ဝင်များကို နွေဦးတော်လှန်ရေးမှ ဆေးလောကသားများက ဆေးကုသပေးခဲ့ကြောင်း AA ဒု-တပ်ချုပ်ပြော

ရခိုင်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များကို နွေဦးတော်လှန်ရေးမှ ဆေးလောကသားများက ဆေးကုသပေးခဲ့ကြောင်း AA ဒုတိယစစ်ဉီးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

ထိုသို့ ဆေးဝါးကုသပေးခဲ့သည့် နွေဦးတော်လှန်ရေးမှ ဆေးလောကသားများကို အချိန်ကာလတစ်ခု ရောက်လျှင် ULA အစိုးရ၏ အဆင်မြင့် အခမ်းအနားများတွင် ဖိတ်ကြားဂုဏ်ပြုလိုကြောင်းလည်း ပြောသည်။

“ကျနော်တို့ ရခိုင်စစ်မျက်နှာပြင်ထဲမှာ ကျနော်တို့ ရဲဖော်တွေကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဆေးဝါးကုသပေးခဲ့တဲ့ ဆေးဆရာတွေရှိတယ်။ အဲဒီဆေးဆရာတွေကိုလည်း ကျနော်အနေနဲ့ရော၊ ကျနော် အဖွဲ့အစည်းဖြစ်တဲ့ ULA/AA အနေနဲ့ရော ဒီနေရာကပဲ လေးလေးနက်နက်၊ လှိုက်လှိုက်လဲလဲ ဂုဏ်ပြု မှတ်တမ်းတင်ထားပါတယ်”ဟု ၎င်းကဆိုသည်။

နွေဦးတော်လှန်ရေးထဲတွင် ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးလောကသားများစွာ ပါဝင်လျက်ရှိကြသည်။ ဆရာဝန်အချို့သည် CDM ပြုလုပ်ပြီး AA နှင့် နီးစပ်ရာဒေသများတွင် လာရောက်ခိုလှုံနေကြစဉ် ရခိုင်တိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင်များ ဒဏ်ရာရသည့်အခါတွင် ဆေးဝါးကုသပေးခြင်းများရှိခဲ့ကြောင်း AA ဒုတိယစစ်ဉီးစီးချုပ်က ပြောသည်။

ယနေ့(ဇန်နဝါရီလ ၂၀)ရက်နေ့တွင် Online မှပြုလုပ်ခဲ့သည့် “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ”အစီအစဉ်တွင် ယင်းအကြောင်းကို AA ဒုတိယစစ်ဉီးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ထုတ်ဖော်ပြောကြားခဲ့သည်။

အာဏာရှင်တော်လှန်ရေးတွင် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မြန်မာ့ဆေးလောကသားများ အားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောသည်။

အာဏာရှင်ဆန့်ကျင်ရေး၊ နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်နေသည့် ဆရာဝန်များထဲမှ NUG အစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးအပါအဝင် မန္တလေးပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဝေနှင့် ဒေါက်တာ တေဇာဆန်းတို့ကို အမည်ထုတ်ဖော်ပြီး ဂုဏ်ပြုကြောင်း ပြောဆိုခဲ့သည်။

တော်လှန်ရေးတိုက်ပွဲများတွင် ဆေးကုသရေးအပိုင်းမှာ အရေးကြီးဆုံးအပိုင်းတွင်ပါဝင်ပြီး ဆေးလောကသားများ ပါဝင်လျှင် ရဲဘော်များအတွက်လည်း စိတ်ဓာတ်အင်အား တက်ကြွမှုများစွာရှိကြောင်း AA ဒုတိယစစ်ဉီးစီးချုပ်က ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ဒေါက်တာ ညိုထွန်းအောင်သည် ဆေးတက္ကသိုလ်(၂) ရန်ကုန်တွင် ဆေးပညာသင်ယူခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့်အတူ ရက္ခိုင့်တပ်တော်(AA)ကို ဦးဆောင်ကာ ရခိုင်အမျိုးသားများ ရသင့်ရထိုက်သည့် အခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဂုဏ်သိက္ခာရှိသော ရက္ခိုင့်လူ့ဘောင်တစ်ခုကို ထူထောင်ရန်အတွက် ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်သည်။

ယနေ့ ဒေါက်တာ ညိုထွန်းအောင် ဉီးဆောင်ဆွေးနွေးခဲ့သည့် “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ”အစီအစဉ်တွင် NUG အစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးအပါအဝင် နွေဉီးတော်လှန်ရေးတွင် အင်တိုက်အားတိုက်ပါဝင်နေကြသော ဆေးလောကသားများ တက်ရောက်ခဲ့ကြသည်။

May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...