ပြည်သူထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဒေါနစစ်ကြောင်းသင်တန်းဆင်းပွဲတွင် လက်နက်များ ပေးအပ်

ပြည်သူထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဒေါနစစ်ကြောင်းသင်တန်းဆင်းပွဲတွင် လက်နက်များ ပေးအပ်

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃)စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ် ကြောင်း မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ကာ တာဝန်ရှိသူများထံလက်နက်များပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရမှ ထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့၌ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၃) စစ်ဒေသခွဲတွင် ဒေါနစစ်ကြောင်း ၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ပြည်ထောာင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါမိန့်ခွန်း၌ “တစ်နှစ်တာမဟာဗျူဟာစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေ ကြောင်း၊ NUG ခေါင်းဆောင်များသည် တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်မှာတသားတည်း ရှိနေ ကြောင်း၊ စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် ပေါင်း စပ်ညှိနှိုင်းလုပ်ကိုင်နေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်များအားလုံး ယုံကြည်ချက် ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး ယခုကြိုးစားအားထုတ်နေမှုထက် ပိုမိုအားစိုက်ထုတ်ပေးကြဖို့ တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်သည် ဒေါနစစ်ကြောင်းတာဝန်ရှိသူထံသို့ လက်နက်များပေးအပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိမှ ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များအား ဝန်ကြီး ချုပ်ကိုယ်စား ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ပေးအပ်ခြင်းနှင့်၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းဆင်းရဲဘော်များအား တစ်ဦးချင်းသစ္စာရေတိုက်ကျွေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီး စောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...