၆ လအတွင်း လွတ်မြောက်နယ်မြေများမှ မြန်မာငွေကျပ်ငွေ ၃ ဘီလီယံခန့် အခွန်ကောက်ခံရရှိထား ကြောင်း NUG ဆို

၆ လအတွင်း လွတ်မြောက်နယ်မြေများမှ မြန်မာငွေကျပ်ငွေ ၃ ဘီလီယံခန့် အခွန်ကောက်ခံရရှိထား ကြောင်း NUG ဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် လွတ်မြောက်နယ်မြေများမှ ခြောက် လတာကာလအတွင်း အခွန်ဘဏ္ဍာ မြန်မာကျပ်ငွေ သုံးဘီလီယံခန့်ကောက်ခံရရှိထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂ခုနှစ်ဇွန်လမှ ဒီဇင်ဘာလကုန်အထိ NUG ၏ လွတ်မြောက်နယ်မြေ မြို့နယ် ၃၈ မြို့နယ်မှ ကောက်ခံ ရရှိထားသော အခွန်ဘဏ္ဍာများဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးမင်းဇေယျာဦးက မဇ္ဈိမသို့ပြောသည်။

“NUG အစိုးရရဲ့ ထိန်းချုပ်နယ်မြေတွေ ရှိနေပါပြီ။ အဲဒီထိန်းချုပ်နယ်မြေတွေကနေ ကျနော်တို့ အခွန် ကောက်ခံနေတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရရှိလာသော အခွန်များကို ပြည်ထောင်စုမှ ၃၀ ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ၃၀ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄၀ ရာခိုင်နှုန်းဖြင့် ခွဲဝေသုံးစွဲကြခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားသည့်မြို့နယ်များတွင် ကောက်ခံခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် စီးပွားရေးလုပ်ငန်းများထံမှ ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

“အခွန်ကိုချဉ်းကပ်တဲ့အခါမှာ ပြည်သူ့လူထုအတွက် ဝန်ထုပ်ဝန်းပိုးမဖြစ်ရေးဆိုတဲ့ အချက်ကို ဦးတည်ပါ တယ်။ အထူးအားဖြင့်ကျနော်တို့က လုပ်ငန်းရှင်များက လိုလိုလားလားနဲ့ ပေးဆောင်နိုင်တဲ့ အနေအထား မျိုးကို ချင့်ချိန်ပြီးတော့ အခွန်ဝါဒကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်” ဝန်ကြီးဦးတင်ထွန်းနိုင်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနအနေဖြင့် နှစ်နှစ်အတွင်း ပြည်သူလုထံမှ စုစုပေါင်း ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိခဲ့သည်ဟု ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးကပြောကြားခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...