မင်းအောင်လှိုင်မိသားစု မူးယစ်ရာဇာနှင့် ဆက်နွယ်သတင်း နိုင်ငံတကာမီဒီယာများတွင်လွှမ်းမိုး

မင်းအောင်လှိုင်မိသားစု မူးယစ်ရာဇာနှင့် ဆက်နွယ်သတင်း နိုင်ငံတကာမီဒီယာများတွင်လွှမ်းမိုး

မြန်မာလက်နက်ပွဲစားနှင့် မူးယစ်ကုန်ကူးသူကို ထိုင်းရဲကဖမ်းဆီးရမိမှုတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ မိသားစုပိုင်ပစ္စည်းများ ပါ၀င်မှု နိုင်ငံတကာသတင်းဌာနများတွင် အပြိုင်အဆိုင်ဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် South china morning post တွင် " Myanmar junta chief family assets found in Thai drug raid" ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။

ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် Japan times တွင်လည်း "Myanmar junta chief's family assets found in Thai drug raid, sources say" ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။

ထို့ပြင် Reuters သတင်းဌာန၊ Asahi shimbun သတင်း ဌာန၊Bolnews သတင်းဌာန၊laprensalatina သတင်းဌာန၊ the Business Standard news, Channel News Asia (CNA) အစရှိသည့် သတင်းဌာနများတွင်လည်း အပြိုင်အဆိုင် ဖော်ပြလျက်ရှိသည်။

စစ်ကောင်စီ၏ လက်နက်ပွဲစားနှင့် မူးယစ်ဆေးကုန်ကူးသူ ထွန်းမင်းလတ်အား ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိပြီးနောက် ၎င်းထံမှ မင်းအောင်လှိုင်၏ မိသားစုပိုင်ဆိုင်သည့် ကွန်ဒိုအခန်း၊ ဘဏ်အကောင့်များကို တွေ့ရှိခဲ့သည်။

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံမှာ ထိုင်းနိုင်ငံ Belle Rama 9 ကွန်ဒိုတွင် အိမ်ခန်းလေးခန်းပါ ကွန်ဒိုအခန်းတစ်ခန်း ပိုင်ဆိုင်ထားသည်။

အောင်ပြည့်စုံပိုင်ဆိုင်သည့် ကွန်ဒိုအခန်းနှင့် အလားတူသည့် အခန်းအား ဒေါ်လာ တစ်သန်းဖြင့် ရောင်းချရန် ကြေညာထားသည်ဟု Justic for myanmar က ဖွင့်ချထားသည်။

ထို့ပြင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်၏ အမည်ဖြင့် အ ကောင့်ဖွင့်ထားသည့် Siam Commercial Bank စာအုပ်များလည်း တွေ့ရှိခဲ့သည်။

ထွန်းမင်းလတ်ကို ဖမ်းဆီးသည့်အချိန်တွင် ယင်းကွန်ဒိုအခန်းနှင့် ဘဏ်စာအုပ်များကို လက်ပူး လက်ကြပ်ဖမ်းမိခဲ့သည်ဟု Justice for myanmar က ဆိုသည်။

သို့သော် ထိုင်းအာဏာပိုင်များက ယင်းပစ္စည်းများကို သိမ်းယူထားခြင်း မရှိသေးကြောင်း၊ အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး စုံစမ်းစစ်ဆေးရန်နှင့် ထိုင်းဥပဒေချိုးဖောက်မှုတစုံတရာတွေ့ရှိပါက တရားစွဲဆိုရန် Justice For Myanmar က တောင်းဆိုထားသည်။

ထွန်းမင်းလတ်နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် သုံးဦးတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စက်တင်ဘာ ၁၇ ရက်အရုဏ်တက်ချိန်တွင် ထိုင်းအာဏာပိုင်များက ဝင် ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုတို့ဖြင့် ဒီဇင်ဘာ ၁၃ ရက်က စွဲချက်တင်ထားသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...