ချင်းအမျိုးသားတပ်ဦးဌာနချုပ် လေကြောင်းမှ ဒုတိယအကြိမ်တိုက်ခိုက်ခံရ

ချင်းအမျိုးသားတပ်ဦးဌာနချုပ် လေကြောင်းမှ ဒုတိယအကြိမ်တိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်းရှိ ချင်းအမျိုးသားတပ်ဦးဌာနချုပ် ဗစ်တိုးရီးယားစခန်းကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းတွင် လေကြောင်း မှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် လေယာဉ်သုံးစီးဖြင့်လာရောက်ပြီး ဗုံးနှစ်လုံးချသွားကြောင်း သိရသည်။

“အခုတစ်ခေါက်က ဆေးရုံဝန်ထမ်းတွေနဲ့ CDM တွေထားတဲ့ အရပ်ဖက်ဝန်ထမ်းတွေနေတဲ့ နေရာကို လာပစ်သွားတာပါ ၊ လူအထိအခိုက်မရှိပါဘူး” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။

လေယာဉ်သုံးစီးလာရောက်ခဲ့ပြီး နှစ်စီးကဗုံးချသွားသော်လည်း တစ်စီးမှာ CNA တပ်ဖွဲ့များမှ ပြန်လည်ပစ် ခတ်ခဲ့သည့်အတွက် ဗုံးမချဘဲပြန်လှည့်သွားခဲ့ကြောင်းဆိုသည်။

ယင်းသို့ ဗုံးချမှုကြောင့် နေအိမ်နှစ်လုံးမီးလောင်သွားသော်လည်း လူအထိအခိုက်မရှိကြောင်း သိရသည်။

ယခုဗုံးကြဲမှုသည် ယမန်နှစ် နိုဝင်ဘာလက CNF ဌာနချုပ်ကို လေကြောင်းမှတိုက်ခိုက်ရန်ပစ်မှတ်ထား သည့်နေရာများကို ကင်းထောက်ခြင်းမရှိတော့ဘဲ တိုက်ရိုက်လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဆလိုင်း ထက်နီက ဆိုသည်။

ဇန်နဝါရီလ ၁၀ ရက် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ကလည်း CNF/CNA စခန်းကို စစ်ကောင်စီ တပ်က လေကြောင်းမှဗုံးငါးလုံးချခဲ့ရာ ချင်းရဲဘော်ငါးဦးသေဆုံးခဲ့ပြီး ဗုံးတစ်လုံးမှာ အိန္ဒိယနိုင်ငံမီဇိုရမ် ပြည်နယ်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ချင်းအမျိုးသားတပ်ဦးဌာနချုပ်ကိုတိုက်ခိုက်ရန် စစ်ကောင်စီတပ်က ထောက်လှမ်းထားသော ဓါတ်ပုံများကို ထုတ်ဖော်ခဲ့သည်။

ယင်းဓါတ်ပုံများမှာ ဂူဂဲလ်မြေပုံ၊ စစ်သုံးမြေပုံနှင့် ကင်းထောက်လေယာဉ်များမှ ရိုက်ယူထားသောပုံများ ဖြစ်ကာ တိုက်ခိုက်ရန်သတ်မှတ်ထားသည်ဟုယူဆရသော အရပ်ဖက်၊ စစ်ဖက်‌နေရာ ၁၄ နေရာပါရှိပြီး နံပါတ်နှင့် အင်္ဂလိပ်အက္ခရာ ရည်ညွှန်ချက်များများပါရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...