ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ MYTEL တာဝါတိုင်ကို ရေးဘီလူးအဖွဲ့ မီးရှို့ဖျက်ဆီး

ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ MYTEL တာဝါတိုင်ကို ရေးဘီလူးအဖွဲ့ မီးရှို့ဖျက်ဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ စစ်ကောင်စီထောက်တိုင်တစ်ခု ဖြစ်သည့် Mytel တာဝါတိုင်ကို ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ရေးဘီလူးအဖွဲ့က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ရေးဘီလူးအဖွဲ့ထိန်းချုပ်ထားသည့်နယ်မြေအတွင်း Mytel တာဝါတိုင်အပြင် စစ်ကောင်စီ၏ပညာရေးစနစ် ကိုပါ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရေးဘီလူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေးဘီလူးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက“စစ်ကောင်စီယန္တရားလည်ပတ်မှုကို ကျွန်တော်တို့ပြုလုပ်ခွင့်မပေး ဘူး။ ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာ ကိုယ်ထူကိုယ်ထမျိုးလေးတွေ လုပ်ရင်တော့ပေးမှာပါ”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏အုပ်ချုပ်မှုကိုမကြိုက်၍ ပညာရေးစနစ်ကိုပါ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

စာမူတည်းဖြတ်။  ။စောဖေ

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...