စစ်ကိုင်းမြို့နယ် ကွဲကျေးရွာကို စစ်တပ် ဝင်စီးပြီး သံဃာတော်အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ထား

စစ်ကိုင်းမြို့နယ် ကွဲကျေးရွာကို စစ်တပ် ဝင်စီးပြီး သံဃာတော်အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ထား

စစ်ကိုင်းမြို့နယ်ရှိ ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမီးရှို့ပြီးနောက် သံဃာတော်တစ်ပါး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ ၂ ဦးတို့ကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများ ပြောပါတယ်။

ဒီနေ့ မနက်ပိုင်း ၆ နာရီ ဝန်းကျင်ခန့်က ကြွယ်ပုံကျေးရွာ မှ ပျူစောထီး နှင့် စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ခန့်မှာ ဒီပဲယင်း ကွဲကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ် ဝင်ရောက်လာပြီးနောက် နေအိမ်  ၇၀ ကျော်ကို မီးတင်ရှို့ခဲ့ပြီး ဒေသခံတွေကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေထဲမှာ သက်တော် ၄၂ နှစ်၊ ဝါတော် ၂၂ ဝါရှိ သံဃာတော်တစ်ပါး၊ စစ်ကိုင်းခရိုင် တပ်ရင်း ၈ တပ်ခွဲ ၃ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင်၊ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် ၃၅ နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီပဲယင်း ကွဲကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ၁၀ နာရီဝန်းကျင်မှာ ၎င်းတို့အထိုင်ချရာ ကြွယ်ပုံကျေးရွာကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာ ၁၁ ရွာ နှင့် ဆားတောင်မြို့ရှိ ရပ်ကွက် ၃ခုကို မီးတင်ရှို့ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် ၂ ဆောင် အပါအဝင် နေအိမ် ၈၀၀ ကျော် မီးရှို့ဖျက်ဆီး ခံလိုက်ရပါတယ်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...