အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ရမည့်အချက် ၄ ချက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ရမည့်အချက် ၄ ချက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ရမည့်အချက်လေးချက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ထုတ်ပြန်ရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။

" စစ်အာဏာရှင်အဖွဲ့အစည်းက ၄င်း၏ အကြမ်းဖက်မှုများကို ရပ်တန့်ရမည်။ မတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို လွှတ်ပေးရ မည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆီးအတား မရှိပေးအပ်ခွင့်ပြုရမည်။ မြန်မာနိုင်ငံတွင် စစ်မှန်ပြီးအများပါဝင် နိုင်သည့် ဒီမိုကရေစီပေါ်ထွန်းလာစေရန် လိုလားသည့် ပြည်သူများ ၏ ဆန္ဒကို အသိအမှတ်ပြုရမည်" ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

မိမိအ နေဖြင့် မြန်မာပြည်သူများအပေါ် ထားရှိသည့် အမေရိကန် ပြည်ထောင်စုကိုယ်စား ထပ်လောင်းအတည်ပြု ကြောင်း၊ မိမိတို့၏ အနာဂတ်ကို ကိုယ်တိုင်ပုံဖော်လိုကြသည့် မြန်မာပြည်သူများကို အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာကတည်းက အားပေးထောက်ခံလာခဲ့ ကြောင်း အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

" ယခုအခါ ဒီမိုကရေစီတိုးတက်ပြောင်းလဲမှုနှင့် ပြည်သူများ၏ ဆန္ဒအတွက် မြန်မာစစ်အာဏာရှင် အဖွဲ့အစည်းက အဆီးအတားပြု လျက်ရှိပါသည်။ သို့သော်ငြားလည်း စစ်တပ်၏ ရက်စက်ကြမ်း ကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အကြမ်းဖက်လုပ်ရပ်များ သည် အများပါဝင်နိုင်သည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ထူထောင် လိုကြသည့် မြန်မာပြည်သူများ၏ ပြင်းပြသောကတိကဝတ်ကို တားဆီးနိုင်ခြင်းမရှိခဲ့ပါ။ မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီ ဆောင်ကြဉ်းရန် သံန္နဋ္ဌာန်ချထားသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ တစ်သားတည်း ရပ်တည်ပါသည်" ဟု အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။

၂၀၂၂ နှစ်ကုန်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီရရှိရေး လှုပ်ရှားဆောင် ရွက်နေသည့် အဖွဲ့အစည်းများကို ထောက်ပံ့ကူညီမည့် Burma Act ပါဝင်သည့် NDAA ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးကာ အတည်ပြုထားသည်။

NDAA ဥပဒေတွင် တစ်စိတ်တပိုင်းပါဝင်သည့် Burma act မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသော NUG၊ NUCC၊ CRPH၊ CDM နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို အမေရိကန်က ကူညီထောက်ပံ့မည်ဖြစ်သည်။

ထို့ပြင် စစ်ကောင်စီ၊ ခရိုနီများနှင့် စွမ်းအင်ကဏ္ဍ အစရှိသည့် စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတိုးချဲ့ပြုလုပ် နိုင်မည့် အခွင့်အာဏာရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့် အဖွဲ့အစည်း များကို လက်နက်မဟုတ်သည့် အထောက်အပံ့မှလွဲပြီး ဆက်သွယ် ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် နည်းပညာအထောက်အပံ့များပေးရန် NDAA တွင် ထည့်သွင်းထားသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...