စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ နဂါးပေါက်ကျေးရွာကို စစ်တပ်ကမီးရှို့၊ ဒေသခံ ၄,၀၀၀ ခန့် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ နဂါးပေါက်ကျေးရွာကို စစ်တပ်ကမီးရှို့၊ ဒေသခံ ၄,၀၀၀ ခန့် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့တောင်ဘက်အခြမ်းမှ အိမ်ခြေ ၁,၀၀၀ ခန့် ရှိသည့် နဂါးပေါက်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၁ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် မီးတင်ရှို့ခဲ့ကြသည်။

မြင်းခြံ မြို့ဘက်မှ ပျူသင်တန်းဆင်းလာသည့် အရပ်သား လက်နက်ကိုင် ၃,၀၀ ခန့် နှင့် တပ်မ (၃၃) မှ စစ်ကောင်စီတပ်သားများ ပူးပေါင်း၍ စစ်ကြောင်းထိုးကာ ရွာကိုမီးရှို့နေခြင်းဟု ဒေသတွင်းအခြေစိုက် PDF ရဲဘော်တစ်ဦးက အတည်ပြုသည်။

“ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရွာဘက်ကို လက်နက်ကြီး အချက် ၆၀ လောက် ပစ်ဖောက်ပြီး မှ ရွာကိုဝင်တယ်။ ရွာထဲမှာ ရှိတဲ့ ပစ္စည်းတွေကို လှေတွေ နဲ့ အခေါက်အခေါက် သယ်ပြီးယူကြတယ်။ ညပိုင်း ၆ နာရီ ခွဲလောက်မှာ ရွာကို စတင်ပြီး မီးရှို့ခဲ့တာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များ ဇန်နဝါရီ ၃ ရက်နေ့အထိ နဂါးပေါက်ရွာအတွင်း တပ်ဆွဲထားဆဲဖြစ်၍ အိမ်ခြေမည်မျှမီးလောင်ခဲ့သည်ကိုမူ မသိရသေးကြောင်း အဆိုပါရဲဘော်က ဆက်ပြောသည်။

စစ်တပ်မှလက်နက်ကြီးများပစ်ဖောက်သဖြင့် ကြောက်လန့်ကာထွက်ပြေးလာခဲ့ရကြောင်း မြောင်မြို့နယ် နဂါးပေါက် ကျေးရွာမှ အမည်မဖော်လိုသူ စစ်ရှောင်ပြည်သူ တစ်ဦးကလည်းဆိုသည်။

“ စစ်ရှောင်နေရတာကလည်း တောထဲမှာ ရာသီဥတုကလည်း မတရားအေးပြီး ခိုက်ခိုက်တုန်အောင် ချမ်း ။ ညဘက်မှာ ထင်းမီးလေးနဲ့ မီးဖိုဘေး ထိုင်ပြီး မိုးလင်းသွားရတာပဲ။ ညဘက်မှာလည်း လက်နက်သံတွေက ကြားနေရတာဆိုတော့ အိပ်လို့လည်း မပျော်ဘူးလေ။ အန်တီတို့ ထဲမှာ လန့်ပြီး သွေးတိုးတဲ့သူနဲ့ ၊ အအေးဒဏ်ကြောင့် ချောင်းဆိုး ရင်ကျပ်တဲ့သူနဲ့ ဒုက္ခတွေ အပြည့်နဲ့ပါ။ အန်တီတို့ ဘဝက ကူရာကယ်ရာမဲ့ ဖြစ်နေပါပြီ” ဟု ၎င်းကပြောသည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းရန်ကြောင့် ရှောင်တိမ်းနေရသည့် ကျေးရွာသုံးရွာမှ ဒေသခံ ပြည်သူ ၄,၀၀၀ ခန့်ရှိပြီး စားဝတ်နေရေး၊ ကျန်းမာရေးအစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...