ဖယ်ခုံက လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီထောင်သုံးနှစ်ချမှတ်

ဖယ်ခုံက လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီထောင်သုံးနှစ်ချမှတ်

ကယားပြည်နယ်ဖယ်ခုံမြို့နယ် ရွေပြည်အေးရွာက ဒေသခံ(၁၈) ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး တစ်နှစ်အကြာမှာ ထောင်(၃) နှစ်စီချမှတ်လိုက်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်း လမ်းမကြီးဘေးက ရွှေပြည်အေးရွာအနီးမှာ ဒေသကာ ကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့မှာ စစ်ကောင်စီက ရွာသားတွေကို ဖမ်းဆီးခဲ့တာပါ။

ရွာသားတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတာအပြင် မတရားတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဟာ တရားမျှတမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

စစ်ကောင်စီက ရွှေပြည်အေးရွာသား (၁၉) ဦးကို တိုက်ပွဲအတွင်း ကြိုးတုပ်ကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီး အဲဒီထဲက အသက်(၆၇) နှစ်အရွယ် ဦးမောင်ယိုဆိုသူဟာ တောင်ကြီး အမှတ်(၁) ရဲစခန်းမှာ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတာကြောင့် ကျန်ခဲ့တဲ့ (၁၈) ဦးကို ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

သူတို့တွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၁) ရက်နေ့က အမိန့်ချမှတ်ခဲ့ပြီး တောင်လေးလုံးထောင်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေထဲမှာ အသက် (၆၇) နှစ်အရွယ် ဦးမောင်ယိုက အသက်အကြီးဆုံးဖြစ်ပြီး ကိုအုပ်ငယ်(၂၁) နှစ်က အသက်အငယ်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

စစ်အစိုးရ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်။ / MOI
September 21, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်းထားသည့် စစ်အုပ်စု အစိုးရသည် အကောင်အထည်ဖော်နေသော ငြိမ်းချမ်း ရေး...
September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...