မွန်တွင် စက်သုံးဆီ ခက်ခဲမှုနှင့် ငါးသယံဇာတ ပြုန်းတီးမှုကြောင့် ငါးဈေးနှုန်း အဆမတန် မြင့်တက်

မွန်တွင် စက်သုံးဆီ ခက်ခဲမှုနှင့် ငါးသယံဇာတ ပြုန်းတီးမှုကြောင့် ငါးဈေးနှုန်း အဆမတန် မြင့်တက်
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင် မှောင်ခိုဈေး ကွက်မှ ဈေးကြီးပေး ဝယ်ယူနေရသဖြင့် ငါးဈေးနှုန်းများ အဆမတန် ထိုးတက်လာကြောင်း အိမ်ရှင်မများနှင့် ငါးလုပ်ငန်းရှင်များက ပြောသည်။

ငါးဈေးနှုန်း အဆမတန် မြင့်တက်လာရခြင်းမှာ စက်သုံးဆီ ပုံမှန် မရရှိခြင်း၊ မှောင်ခိုဈေးကွက်မှ ဈေးနှုန်း အဆမတန် ပေးဝယ်ရခြင်းနှင့် ငါးသယံဇာတ ပြုန်းတီးကာ ငါးအထိအမိ နည်းပါးလာခြင်းတို့ကြောင့် ဖြစ်သည်။

လက်ရှိ ဈေးကွက်အတွင်း၌ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၄၀,၀၀၀ နီးပါး၊ ငါးသလောက် တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀ ကျော်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀၊ ပုဇွန် တစ်ပိဿာလျှင် ကျပ် ၄၀,၀၀၀ ကျော် နှင့် ငါးဒန်၊ ငါးပျက် အပါအဝင် အခြားငါးများမှာလည်း တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ ဈေးနှုန်း မြင့်တက်နေသည်။

ငါးလုပ်ငန်းရှင် တစ်ဦးက “အဓိက ပြဿနာက ဆီဝယ်လို့ မရတာရယ်၊ ကုန်ဈေးကလည်း ဈေးနှုန်းတွေ တက် တယ်။ လှေတွေက သိပ်မထွက်ရဘူး။ ထွက်တဲ့လှေက ထွက်တယ်။ ဆီက သူတို့က ပုံးနဲ့ မရောင်းဘူး။ မှောင်ခို ဝယ်လို့ရရင် ဈေးကြီးကြီးနဲ့ ဝယ်ပြီး ထွက်ပေါ့။ အဲဒီလိုပေါ့ ငါးကလည်း နည်းနည်း ရှားလာတာပါတယ်” ဟု ပြောသည်။

ယခင် NLD အစိုးရ လက်ထက်က ငါးသယံဇာတ ထိန်းသိမ်းရန် သတ်မှတ် ငါးရစ်ငါးသန်ချိန်များတွင် တရားမဝင် ငါးဖမ်းဆီးမှုနှင့် သံဇကာပိုက်များကို ဖမ်းဆီး အရေးယူခဲ့သော်လည်း စစ်အုပ်စု လက်ထက်တွင်မူ လုံခြုံရေး အကြောင်းပြချက်ဖြင့် ငါးသယံဇာတ ထိန်းသိမ်းမှု မရှိသလောက် နည်းပါးနေပြီး တရားမဝင် ငါးဖမ်းဆီးမှုများကို အရေးယူခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

ငါးဈေးနှုန်းမှာ စစ်အုပ်စု အာဏာမသိမ်းမီက တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ မှ ကျပ် ၈,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ငါးဆမှ ရှစ်ဆနီးပါး မြင့်တက်လာသဖြင့် ဝယ်ယူစားသောက်ရန်ပင် ခက်ခဲလာကြောင်း အိမ်ရှင်မတစ်ဦးက ပြောဆိုထားသည်။

မွန်ပြည်တွင် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ ၃,၀၀၀ ကျော် ရှိပြီး ထွက်ရှိသည့် ငါးများကို တရုတ်နှင့် အခြားနိုင်ငံ အချို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ငါးလုပ်ငန်းသည် ပြည်နယ်၏ တတိယမြောက် အဓိက စီးပွားရေးလုပ်ငန်း ဖြစ်သည်။

Most read this week

သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...