စစ်ကောင်စီတပ် ဝင်စီးထားသည့် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်များ ရမ်းသမ်း ပစ်ခတ်နေ

စစ်ကောင်စီတပ် ဝင်စီးထားသည့် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်များ ရမ်းသမ်း ပစ်ခတ်နေ

ဖားကန့်မြို့နယ် မှော်စီဆာ ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ဝင်စီးထားသည့် ဆင်စိန် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်း လုပ်ကွက်ကို အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကုမ္ပဏီဝန်းအတွင်းရှိ ကိုယ်စားလှယ်များ၊ ကျောက်တူးသမားများနှင့် စားဖိုမများစုစုပေါင်း ၄၀ ကျော်ကို ယနေ့ထိ ဖမ်းဆီးထား၍ အခိုင်အမာတပ်ချ နေထိုင်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”အဲ့ကုမ္ပဏီဝန်းထဲမှာပဲ နေနေကြတုန်း အထဲမှာ ဖမ်းထားတဲ့လူတွေကို ကတုတ်ကျင်း တူးခိုင်းတယ်။ သဲအိတ်တွေသယ်ခိုင်းတယ်။ အဲ့မှာ အကာအရံတွေ ကတုတ်ကျင်းတွေလုပ်ပြီး နေနေကြတယ်ဗျ အထဲကပြည်သူတွေကို ကာဗာလုပ်ပြီးနေ နေတဲ့သဘော မနေ့ညကလည်း သေနတ်တွေ ပစ်ဖောက်နေ ပြည်သူကို ကြောက်လန့်အောင်”ဟု ပြောသည်။

ယင်းကုမ္ပဏီဝန်းအတွင်းရှိ စစ်သားများက ယမန်နေ့ည ၈ နာရီခန့်အချိန်တွင် လက်နက်ငယ် ၁၀ ချက်မနည်း ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်းလည်း သိရသည်။

ဆင်စိန်ကုမ္ပဏီသည် မှော်စီဆာ ကျေးရွာနှင့် ကိုက် ၁၀၀၀ ခန့်သာကွာဝေးပြီး မည်သည့်ကိစ္စကြောင့် ဝင်စီးခံထားရသည်ကို အသေး စိတ်မသိရှိရသေးပေ။

စစ်ကောင်စီတပ်များသည် ယခုနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်းလုပ်ကွက်များအတွင်းသို့ ဝင်ရောက်စီးနင်းခြင်း၊ လုပ်ကွက်များအတွင်း တပ်စွဲခြင်း တို့ကို ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်းကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...