ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆီစက်လမ်းရှိ မြို့နယ်စာရင်းစစ်ရုံး ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။

“ဒီနေ့ထပ်လုပ်တဲ့ မစ်ရှင်ပါ။ အထိအခိုက်တော့ မသိရသေးဘူး။ ဒီနေ့ ရုံးဖွင့်တာပေါ့ဗျ၊ လူလည်းရှိတယ်။ နောက် ဒီနေ့ လမ်းတော့ကြပ်တယ်” ဟု တိုက်ခိုက်မှူပြုလုပ်ရာတွင်ပါဝင်သော Freeland Attack Force (FLA) မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Freeland Attack Force (FLA)နှင့် မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) ၊ Revolution of 21 Century အဖွဲ့မှ မဟာမိတ်အဖွဲ့သားများက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဘေးကင်းရာနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီးတွင် ဆီစက်လမ်းရှိ မြို့နယ်စာရင်းစစ်ရုံးသို့ စစ်ကားနှင့်ရဲကားများရောက်ရှိနေပြီး စစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

Freeland Attack Force (FLA) နှင့် မဟာမိတ်အဖွဲ့များသည် ယမန်နေ့က တာမွေကြီး(ခ) ရပ်ကွက်ရှိ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် တောင်မြင်းပြိုင်ကွင်းလမ်းထောင့် မြားပစ်ကွင်းအမှတ်(၆)ဂိတ်ရှေ့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်အား ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 6, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အသုံးပြုနေသည့် Starlink ဂြိုဟ်တုအင်တာနက်စက်အချို့ ဒေသကန့်သတ်...
July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...