ကော့ကရိတ်မြို့အနီး ၇ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် အများအပြားသေဆုံး

ကော့ကရိတ်မြို့အနီး ၇ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် အများအပြားသေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးတွင် KNU, PDFပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ရဲဘော်အများအပြား သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ သတင်းနှင့် ပြန်ကြားရေးမှ ဒီဇင်ဘာလ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲသည် ဒီဇင်ဘာလ ၁၆ရက်နေ့မှ စတင်ပြီး ကော့ကရိတ်မြို့အနီး ခလရ(၂၃၁)တပ်ရင်းကို KNUပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ရာ ယနေ့ ဒီဇင်ဘာလ၂၃ရက်နေ့အထိ ခုနစ်ရက်ကျော်ကြာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီး KNU, PDFပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ၂၂ရက်နေ့ နံနက် ၄နာရီ ၃၃မိနစ်တွင် တိုက်ပွဲပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သဖြင့် နွား ၁၀ကောင်သေဆုံးခဲ့ပြီး နံနက် ၅နာရီ ၁၃မိနစ်တွင် လေယာဉ်နှစ်စီးဖြင့် ဗုံးတစ်ကြိမ်ကြဲချခဲ့ပြီး KNUပူးပေါင်းတပ်မှာ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ နံနက် ၈နာရီ ၄၈မိနစ်တွင် စစ်ကောင်စီမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး အင်အားတိုးကာ ကော့နွဲ့ရွာထဲကို စစ်ကြောင်းတိုးဝင်လာသည့် အတွက် နံနက် ၉နာရီ၁၇မိနစ်တွင် KNLA, PDF ဒေါနစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ Federal Wings စသည့်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းတိုက်ပွဲတွင် ဒေါနစစ်ကြောင်းမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီဇင်ဘာလ၂၂ရက်နေ့တွင် ကော့ရိတ်မြို့နှင့် မြို့အနီးကျေးရွာများအတွင်း ကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကော့ကရိတ်မြို့ကိုယ်စားပြု ဂုဏ်ထူးဆောင် လက်ဝှေ့သမားဟောင်း ဦးဖိုစနေသည် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ပြီး အရပ်သား ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တစ်မိုင်ကုန်းကျေးရွာ၊ ကော့နွဲ့ကျေးရွာနှင့် ကော့ကရိတ်မြို့ရပ်ကွက်အချို့ အပါအဝင် ကျေးရွာ ငါးရွာထက်မနည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါတိုက်ပွဲအခြေနေနှင့် ပတ်သက်ပြီး အသေးစိတ်ကို အတည်ပြုနိုင်ရန် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို မဇ္ဈိမမှ ဆက်သွယ်နေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...