ရန်ကုန်တွင် လွတ်လပ်ရေးနေ့အတွက် တိုင်းရင်းသားကိုယ်စားပြုအလံများကိုစစ်ကောင်စီ ရုပ်ပြ ချိတ်ဆွဲ

ရန်ကုန်တွင် လွတ်လပ်ရေးနေ့အတွက် တိုင်းရင်းသားကိုယ်စားပြုအလံများကိုစစ်ကောင်စီ ရုပ်ပြ ချိတ်ဆွဲ

စစ်ကောင်စီက ရန်ကုန်မြို့တွင် နိုင်ငံတော်အလံအပါအဝင် တိုင်းရင်းသားကိုယ်စားပြုအလံများကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ ရက်‌နေ့၌ ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အတွက် ချိတ်ဆွဲထားသည်ကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တွေ့မြင်ရသည်။

ယင်းအလံများကို ရန်ကုန် ပြည်လမ်းတစ်လျှောက်နှင့် ဦးထောင်ဘိုအဝိုင်းတို့တွင် ချိတ်ဆွဲထားသည့်အပြင် မြိုနယ်အချို့တွင်လည်း ချိတ်ဆွဲထားသည်ကိုတွေ့မြင်ရသည်။

"နိုင်ငံတော်အလံထောင်လိုက်ရင်ကို အနှစ်သာရ ပြည့်ဝပြီးသား။ နိုင်ငံတော် အလံအောက်မှာကို တိုင်းရင်းသားတွေပါပြီးသား။ အခုဟာက ရုပ်ပြကောင်းအောင် တိုင်းရင်းသားကိုယ်စားပြုအလံတွေကိုပါ လိုက်ချိတ်ထားတယ်။ တတ်လည်းတတ်နိုင်တဲ့ကောင်တွေ "ဟု ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင်လည်း ရန်ကုန်တိုင်း မြို့နယ်အများစုတွင်တွင် လုံခြုံရေးများတင်းကျပ်စွာချထားသည်ကို တွေ့ရသည်။

ထို့အပြင် လွတ်လပ်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့်လည်း ရန်ကုန်မြို့ နေရာအနှံ့တွင် ယာဉ်စစ်ဆေးခြင်းများ တင်းကျပ်စွာလုပ်ဆောင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့များ နေ့ ၊ည ပတ်ကင်းယာဉ်များဖြင့် ကင်းလှည့်စစ်ဆေးခြင်းနှင့် အချို့မြို့နယ်များတွင် ဧည့်စာရင်း စစ်ဆေးခြင်းများလည်း ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီက ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဒေသာကပွဲအခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာလ ၂၆ရက်မှ ၃၀ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သေးသည်။

စာတည်း။ ။ဖူးသိမ်ကျ

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...