မောင်တောဒေသအတွက် ရန်ပုံငွေ မျက်လှည့်ပြပွဲကျင်းပမည်

မောင်တောဒေသအတွက် ရန်ပုံငွေ မျက်လှည့်ပြပွဲကျင်းပမည်
by -
ဒေါင်းလူ
ရခိုင်မြောက်ပိုင်းဒေသကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးရန်ပုံငွေဖျော်ဖြေပွဲပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ စာနယ်ဇင်းမိတ်ဆက်အခမ်းအနားကို ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ ရခိုင်အမျိုးသားအသင်းချုပ်က စီစဉ်ကျင်းပမည့် ဖျော်ဖြေပွဲတွင် ဟာသမျက်လှည့်ပညာရှင် Mr. Top နှင့်သားဖြစ်သူ Harry တို့အပါအဝင် အနုပညာရှင်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ " ရခိုင်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရပြီး ရခိုင်တိုင်းရင်းသားတွေ သေကြ၊ ကြေကြ ထွက်ပြေးကြတဲ့ အကြောက်တရားက ထိပ်ဆုံးကို ရောက်သွားပြီ။ အဲဒီတော့ မပြေးရင်လည်း အသတ်ခံရမယ်။ ပြေးရင်လည်း အသတ်ခံရမယ်။ အခုဆိုရင် ဘူးသီးတောင်၊ မောင်းတော အဲဒီဒေသတွေမှာ တိုင်းရင်းသား သောင်းကျော်လောက်ရောက်နေကြပြီ၊ လိုနေတာက ဆန်၊ ဆီတွေပေါ့။ အခု ကျွန်တော်တို့က တတ်နိုင်သ၍ ပံ့ပိုးကူညီနိုင်ဖို့ အခုလိုပွဲလေး စီစဉ်ရတာပါ " ဟု ရခိုင်အမျိုးသား အသင်းချုပ် ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။ ဖျော်ဖြေပွဲမှ ရရှိမည့်ရန်ပုံငွေများကို ရခိုင် မြောက်ပိုင်းဒေသအထိ သွားရောက် လှူဒါန်း မည်ဟု ၄င်းက ဆက်လက်ပြောပြသည်။ ယင်းဖျော်ဖြေပွဲတွင် ရခိုင်တိုင်းရင်းသား အနုပညာရှင်တစ်ဦးအနေနှင့် ထူးခြားဆန်းပြား သော မျက်လှည့်ပညာရပ်များဖြင့် ဖျော်ဖြေသွားမည်ဟု ဟာသမျက်လှည့်ပညာရှင် Mr.Top က ပြောသည်။ "ကွျွန်တော်က ဒီပြပွဲမှာ ၂၀၁၃ ၂၀၁၄ လောက်က ပြခဲ့တဲ့ပြကွက် အကြီးကြီးတွေ ပြသသွားမယ်။ အခုလက်ရှိ နိုင်ငံခြားမှာ စျေးကြီးကြီး ပေးပြီး ကြည့်ရမယ့်ပြကွက်တွေကို ကျွန်တော် တို့ရဲ့အနုပညာနဲ့ ရခိုင်မြောက်ပိုင်းက ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် အခမဲ့ပြသွားမှာ။ မော်ဒယ်တင်မိုးလွင်အပါအဝင် မော်ဒယ်လေးတွေ ၁၀ ယောက်လောက်လည်း ပါမယ်။ နောက်ဆုံးပိုင်းမှာ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် ပြကွက်ကြီးတစ်ခုနဲ့ အဆုံးသတ်ပြသသွားမယ်" ဟု ဟာသ မျက်လှည့် ပညာရှင် Mr.Topက ဆိုသည်။ အခမ်းအနားတွင် ရခိုင်အမျိုးသားအသင်း ချုပ်အဖွဲ့ဝင်များ၊ စာရေးဆရာများနှင့် အနုပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ယင်း ဖျော်ဖြေပွဲကို လာမည့်စက်တင်ဘာ ၂၇ ရက်နေ့ တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံကြီးတွင် အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...