ထိုင်းတောင်ပိုင်းတွင် မြန်မာအမျိုးသား ၁ ဦးကို လမ်းဘေး၌ သေဆုံးလျက် တွေ့ရှိ

ထိုင်းတောင်ပိုင်းတွင် မြန်မာအမျိုးသား ၁ ဦးကို လမ်းဘေး၌ သေဆုံးလျက် တွေ့ရှိ

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်ဆီသမာရတ်ပြည်နယ် စစ်ချွန်ခရိုင်ခွဲရှိ ကျေးလက် လမ်းဘေးတစ်နေရာတွင် ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို သေဆုံးလျက် တွေ့ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါ မြန်မာအမျိုးသားသည် နာမကျန်းဖြစ်မှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ရဲများက ပြောသည်။

သေဆုံးသူ အမျိုးသားသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် အသက် ၅၆ နှစ်ရှိ ဦးစိုးပိုင်ဆိုသူ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဗီရာယာ ကို့ချာဘောရီရတ်ခ်က ပြောသည်။ ၎င်းသည် စစ်ချွန်ခရိုင်ခွဲရှိ စိုက်ခင်းအလုပ်သမားတစ်ဦးဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား အမျိုးသားသည် ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက ၎င်း၏ နေအိမ်မှ ပျောက်သွားခဲ့ကြောင်း မိတ်ဆွေသူငယ်ချင်းများက ရဲတပ်ဖွဲ့ကို ပြောသည်။ ၎င်းကို ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းတွင် စီချွန်ခရိုင်ခွဲ Moo 8 ကျေးရွာရှိ လမ်းဘေးနေရာတစ်ခုတွင် သေဆုံးလျက် ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။

ရဲများအပြင် စီချွန်ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် ထိုင်တက်ခ်ထွန်း ဖောင်ဒေးရှင်းအဖွဲ့မှ ကယ်ဆယ်ရေးသမားများက အခင်းနေရာသို့ သွားရောက်ခဲ့ကြသည်။ သေဆုံးသူ မြန်မာအမျိုးသား၏ ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာများ သို့မဟုတ် တိုက်ခိုက်ခံထားသည့် အခြားအထောက်အထား တစ်စုံတစ်ရာ မတွေ့ခဲ့ရဟု ဆိုသည်။ ၎င်းသည် နာတာရှည်ရောဂါတစ်ခုကြောင့် သေဆုံးခဲ့ဖွယ် ရှိကြောင်း ဆရာဝန်ဖြစ်သူက ပြောသည်။

ယခုအခါ အဆိုပါ မြန်မာအမျိုးသားအလောင်းကို ထိုင်တက်ခ်ထွန်း ဖောင်ဒေးရှင်းထံ ထားရှိပြီး နာရေးပြုလုပ်ရန် မိတ်ဆွေများ သို့မဟုတ် ဆွေမျိုးများ၏ လာရောက်သယ်ယူမှုကို စောင့်ဆိုင်းလျက် ရှိသည်။

(ကိုလူအေး ဘာသာပြန်သည်)

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...