မြိုင်မြို့နယ် ဆက်ကြေးကောက်ရန်ထွက်လာသည့် စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ဦးသေဆုံး

မြိုင်မြို့နယ် ဆက်ကြေးကောက်ရန်ထွက်လာသည့် စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိရေစက်တွင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများကို ဆက်ကြေးကောက်ခံရန် ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွား ကြောင်း စက်ြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အခုမိုင်းဆွဲလိုက်တဲ့နေရာက စက်ရေတွင်းနဲ့ တစ်ဖာလုံပဲဝေးပါတယ်ဗျ။ အနီးကပ် စောင့်ပြီး မိုင်းဆွဲခဲ့တာပါ ။ နှစ်ယောက်သေ နှစ်ယောက် ဒဏ်ရာရပါတယ် ။ ရှေ့ဆုံးက တစ်ယောက်ထဲခွဲသွားတဲ့ဗိုလ်ပဲ လွတ်သွားတယ် “ ဟုပြောသည်။

ယင်းအဖွဲ့ကိုတိုက်ခိုက်ရန် ရက်အတန်ကြာ စောင့်ကြည့်ခဲ့ခြင်းဖြစ်ပြီး မူလကတိုက်ခိုက်ရေးအဖွဲ့ နှင့် ပူးပေါင်း၍ လက်နက်ရယူနိုင်ရေးအထိ စီစဉ်ထားခဲ့သော်လည်း မိုင်းဆွဲသည့်နေ့တွင် တိုက်ခိုက်ရေးအဖွဲ့များ လိုက်ပါနိုင်ခြင်းမရှိသည့်အတွက် လက်နက်များ ရယူနိုင်ခြင်းမရှိကြောင်း ဆိုသည်။

ကိုင်းတောမ စက်ရေတွင်းသည် မြိုင်မြို့နယ် စက်မှု (၂)သို့ ရေပေးပို့သည့် ရေတွင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အစောင့်ချထားသည့် နေရာတစ်ခုဖြစ်ကာ ယင်းနေရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများထံမှ‌ ဆက်ကြေးများ မကြာခဏ ကောက်လေ့ရှိကြောင်း စက်ြာ-ဒေသကာကွယ်ရေးအဖွဲ့က ဆိုသည်။

“သူတို့က ၁၅ ရက်တစ်ခါ လူချိန်းပြီး ရေစက်စောင့်တာဝန်ကျတယ် အခုအဖွဲ့က အပြင်ထွက်ပြီး ခရီးသွားတွေကို ပိုက်ဆံတောင်းတာ စစ်ဆေးတာတွေ လုပ်လေ့ရှိတယ် ထွက်တဲ့နေရာ လေးနေရာလောက်ရှိတယ် “ ဟု စက်ြာအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

စက်ြာ-ဒေသကာကွယ်ရေးအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ကိုင်းတောမ ရဲစခန်းနှင့် သရက်ကန်ပျူစောထီးစခန်းအကြားတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...