စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့် CDF ထံ ပူးပေါင်း

စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့် CDF ထံ ပူးပေါင်း

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၆)မှ တပ်သားသုံးဦးလက်နက် ခဲယမ်းများဖြင့် ပူးပေါင်းလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ဆဲန်ထန်) CDF – Senthang မှ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါတပ်သားသုံးဦးသည် နိုဝင်ဘာလ ၁၁ ရက်နေ့က ပူးပေါင်းလာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA-1 သေနတ်တစ်လက်၊ လက်ပစ်ဗုံးသုံးလုံး၊ ကျည်ဘောက်သုံးခုနှင့် ကျည်ဆံ ၃၀၀ ကျော် ယူဆောင်လာ ကြောင်းဆိုသည်။

“စစ်အာဏာရှင်လက်အောက်မှာ အလုပ်လုပ်မလုပ်ချင်လို့၊ ပြည်သူတွေနဲ့အတူပူးပေါင်းချင်တယ်ဆိုပြီး ဆုံးဖြတ်ပြီး ထွက်လာကြတာ၊ တပ်တွင်းမှာတော့ အခက်အခဲအများကြီးကြုံတွေ့ရတယ်လို့ သူတို့ဆီက သိရတယ်” ဟု CDF – Senthang မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လာရောက်ပူးပေါင်းမှုအပေါ် နွေးထွေးစွာကြိုဆိုပြီး ထိုက်သင့်သော ဆုကြေးလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး လုံခြုံစိတ်ချရသောနေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးကာလတွင် စစ်တပ်ကိုတော်လှန်နေခြင်းမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန် ခြင်းဖြစ်သောကြောင့် စစ်အာဏာရှင် စနစ်ဆိုးလက်အောက်မှာ အလုပ်မလုပ်ကြဘဲ အမြန်ဆုံး အလင်းဝင် ကြရန် စစ်ကောင်စီတပ်သားများကို CDF – Senthang တာဝန်ရှိသူမှ တိုက်တွန်းပြောဆိုသည်။

CDF – Senthang တပ်ဖွဲ့သို့ စစ်ကောင်စီတပ်သားနှင့် ရဲ ၁၀ ဦး ကျော် ပူးပေါင်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...