နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အဂတိအမှုခံပြသက်သေများကို စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အဂတိအမှုခံပြသက်သေများကို စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အမှု ငါးမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် ခံပြသက်သေများကို စစ်ဆေးခြင်းဆောင်ရွက်နေကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

စွပ်စွဲခံရသူများက ယခင်အမှုများတွင် ၎င်းတို့ဘက်က ထွက်ဆိုရန်အတွက် ခံပြသက်သေ တင်သွင်းခြင်း မပြုခဲ့ကြသော်လည်း ယခုအမှုများတွင် ခံပြသက်သေ ငါးဦးကို တင်သွင်းထားကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ရုံးချိန်းတွင် NLDအစိုးရလက်ထက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လာရောက်သက်သေထွက်ဆိုခဲ့ပြီး ယနေ့ ရုံးချိန်းတွင် AMAS ရဟတ်ယာဉ် ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြင့်က လာရောက်သက်သေထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးရဲမြင့်က ရဟတ်ယာဉ် Operation and Maintenance လုပ်သည့်ကိစ္စများ၊ ရဟတ်ယာဉ် ဝယ်ယူသည့်ကိစ္စ၊ ငှားရမ်းသည့် ကိစ္စများနှင့် ပတ်သက်ပြီး သက်သေထွက်ဆိုသွားသည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူခြင်းတို့တွင် အဂတိလိုက်စားသည်ဟု စွပ်စွဲချက်အပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားခြင်းသာရှိကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့က ထွက်ဆိုထားကြသည်။

ထို့အပြင် အဆိုပါစွပ်စွဲချက်သည် ရိုးမယ်ဖွဲ့ စွပ်စွဲခြင်းဖြစ်ကာ အခြေအမြစ်မရှိဘဲ စွပ်စွဲခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အမှု ၁၄မှုအတွက် ထောင်ဒဏ် ၂၆နှစ်ချမှတ်ခံထားရပြီး သမ္မတဦးဝင်းမြင့်အနေဖြင့် အမှုသုံးမှုအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည်။ ယခု ရင်ဆိုင်နေရသည့် ရဟတ်ယာဉ်အမှု ငါးမှုမှာ နောက်ဆုံးကျန်ရှိသည့် အမှုများလည်းဖြစ်သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...