နိုင်ကျဉ်းများအတွက် ကျပ်သိန်း ၁၉၀၀ ကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း ဟံသာဝတီဖောင်ဒေးရှင်း ထုတ်ပြန်

နိုင်ကျဉ်းများအတွက် ကျပ်သိန်း ၁၉၀၀ ကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း ဟံသာဝတီဖောင်ဒေးရှင်း ထုတ်ပြန်
by -
ဒေါင်းလူ
မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ဖမ်းဆီး ထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအပါအဝင် စာနယ်ဇင်းသမား စုစုပေါင်း ၈၀၀ ကျော်တို့ အတွက် ထောက်ပံ့ငွေကျပ် သိန်း ၁၉၀၀ ကျော် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း ဟံသာဝတီဦးဝင်တင်ဖောင်းဒေးရှင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန် မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအား အကြိမ် ၃၀ မြောက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား/ ဟောင်းများနှင့် မိသားစုဝင်များ၊ စာနယ်ဇင်းသမားများအတွက် ကူညီထောက်ပံ့ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ဟံသာဝတီဦးဝင်တင်ဖောင်ဒေးရှင်းအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ ယခင်က နှစ်လတစ်ကြိမ်၊ ယခုနောက်ပိုင်းတွင် သုံးလတစ်ကြိမ်ထောက်ပံ့ငွေများပုံမှန် ပေးအပ်ခဲ့သည်။ ယခု အကြိမ် ၃၀ မြောက် ထောက်ပံ့ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စာနယ်ဇင်းသမား ၁၃ ဦးတို့အတွက် ထောက်ပံ့ငွေ ၂၈ သိန်းနှင့်ဆိုလျှင် အသက်ဆုံးရှုံးခဲ့သော နိုင်ငံရေးအကျဉ်းသား ၁ ဦး၊ လက်ရှိနိုင်ငံရေး အကျဉ်းသား ၁၆၁ ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စာနယ်ဇင်းသမား ၆၄၅ ဦး စုစု ပေါင်း ၈၀၇ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၉၄၇ ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုဝင်များအတွက် ပညာရေးထောက်ပံ့မှုအစီ အစဉ်အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် သားသမီး စုစုပေါင်း ရ၇၃ ဦးအတွက် ထောက်ပံ့ငွေကျပ် ၈၂၉ သိန်း ပေးအပ်ခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အဖြစ် အမှတ် ၁၁၉ ၊ လမ်း ၅၀ ၊ ပုဇွန်တောင်မြို့နယ်တွင် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်း ဖွင့်လှစ်၍ အခမဲ့ဆောင်ရွက်ပေးလျှက်ရှိ ကြောင်းသိရသည်။
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...