နေပြည်တော်တွင် CCTV မှတဆင့် ခြေရာခံဖမ်းဆီးခံလိုက်ရသည့် PDF အဖွဲ့ဝင်လူငယ်တစ်ဦး စစ်ကြောရေးတွင် ကျဆုံး

နေပြည်တော်တွင် CCTV မှတဆင့် ခြေရာခံဖမ်းဆီးခံလိုက်ရသည့် PDF အဖွဲ့ဝင်လူငယ်တစ်ဦး စစ်ကြောရေးတွင် ကျဆုံး

ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက နေပြည်တော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်မှ အဖွဲ့ဝင် ကိုဘုန်းမြတ်ကိုမှာ စစ်ကြောရေးတွင် ကျဆုံးသွားကြောင်း သိရသည်။

“သူက အဖမ်းမခံရခင်မှာ စကားပြောတဲ့ စက်တွေအကုန်လုံးရော အကောင့်တွေကိုပါ Delete လုပ်သွား တယ်။ ဘာမှမဖြေလို့ဘဲ အသတ်ခံလိုက်ရတာဖြစ်နိုင်တယ်”ဟု ကိုဘုန်းမြတ်ကိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်(ပ.က.ဖ)နှင့် ပျဉ်းမနား ပ.က.ဖ တို့ပူးပေါင်းပြီး ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီခွဲတွင် လယ်ဝေးမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ဂိတ်တဲနားတွင် မိုင်း ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ် ပြန်ခဲ့သည်။

မိုင်းတစ်လုံးခွဲပြီး စစ်ကောင်စီနောက်လိုက်များအားမျှားခေါ်ကာ လမ်းတွင်မိုင်းဆွဲတိုက်ခိုက်ရန် ကြံရွယ် သော်လည်း အဓိကကျသောမိုင်းမှာ ပြည်သူများမှကောက်ယူသွားသည်ဟုယူဆရပြီး မိုင်းနှစ်လုံးတွင် တစ်လုံးသာ ပေါက်ကွဲခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဖမ်းခံရတာကတော့ CCTV ကနေပေါ်တာပေါ့။ ကလေးက ရုပ်လည်းမဖျက်၊ ဦးထုပ်လည်းမဆောင်းဘဲ မစ်ရှင်ကို သွားလုပ်ခဲ့တာ။ ဦးထုပ်မဆောင်းလို့ မစ်ရှင်ကို ဖျက်လိုက်ဖို့ပြောပါသေးတယ်”ဟု နေပြည်တော် (ပ.က.ဖ)၏ စစ်ရေးတာဝန်ခံဗိုလ်တေဇက ဆိုသည်။

ကိုဘုန်းမြတ်ကိုမှာ ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် ကျဆုံးခဲ့သည်ဟု ယူဆရပြီး ဒီဇင်ဘာလ ၄ ရက်နေ့ တွင် စစ်ကောင်စီက ၎င်း၏မိသားစုဝင်များကို လာရောက်ခေါ်ဆောင်ပြီး သဂြိုလ်လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်တေဇကပြောသည်။

စစ်ကြောရေးတွင် ကျဆုံးသွားသည့် ကိုဘုန်းမြတ်ကိုမှာ CDM ကျောင်းသားတစ်ဦးဖြစ်ပြီး အသက် ၁၈နှစ် မပြည့်သေးကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...