ရန်ကုန်တွင် မြူခိုးဖုံးလွှမ်းမှု ဖြစ်ပွား

ရန်ကုန်တွင် မြူခိုးဖုံးလွှမ်းမှု ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဒီဇင်ဘာ ၂ ရက် ညနေပိုင်းအချိန်မှစ၍ မြူခိုးအနည်းငယ်ဖုံးလွှမ်းမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်သည် ယနေ့ ညနေ ၄နာရီအချိန်ခန့်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျောက်နှင့် ရန်ကုန် ပြည်လမ်းတစ်လျောက် မြူခိုးများကျဆင်းနေသည်ကို တွေ့ရသည်။

အလားတူ ရန်ကုန်မြို့လယ်ခေါင်နှင့် ထိစပ်မြို့နယ်များတွင်လည်း မြူခိုးများကျဆင်းနေသည်ဟု သက်ဆိုင်ရာမြို့နယ်တွင်း သတင်းကွန်ရက်များကဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ မိုးလေဝသဆိုင်ရာ ဝါရင့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က " ရန်ကုန်တွင် အနောက်တောင်ဘက်က ရွေ့လာတဲ့ တိမ်တိုက်ကဖုံးနေတယ်၊ အပူချိန်က ၂၇ ဒီဂရီလောက်ကျနေပြီး လေထုစိုထိုင်းဆက ၉၀% လောက်ဖြစ်နေတယ်။ ဘေးပတ်လည်(အနောက်/အရှေ့နဲ့ မြောက်ဘက်)မှာ ဖိအား 1009hPa ရှိနေပြီး မြို့ပေါ်မှာတော့ 1007 1008 hPa အထိ ကျနေတယ်။ ရေပြင်ညီမှာ မြောက်ဘက်က လေတိုက်နှုန်း တစ်နာရီ နှစ်မိုင်လောက်ရှိပေမဲ့ အမြင့်ပေ ၂၀,၀၀၀ မှာ လေတိုက်နှုန်းက သုံည လုံးဝမတိုက်ဘူး။ မြေဆီလွှာစိုထိုင်းဆ ၉၃% အထိ ရှိနေသေးတော့ မြေကြီးထဲက ရေခိုးရေငွေ့တွေ အငွေ့ပျံတယ်။ အပေါ်ကိုတက်လာကြတယ်။ ရန်ကုန်မြို့ထဲက တချို့နေရာတွေမှာ မြူတွေဆိုင်းနေသလိုဖြစ်ပြီး လေကလဲ ငြိမ်နေတယ်။"ဟု သုံးသပ်ထားသည်။

ယင်းကဲ့သို့သောဖြစ်စဉ်ကို ပြီးခဲ့သော ၂၀၂၂ ခုနှစ် အစောပိုင်းအချိန်ကလည်း တစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...