ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းတွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်တွင် ဆားလင်းကြီးမြို့ အရှေ့ဘက် နှစ်မိုင်ခန့် အကွာရှိ ဆားထုံးကျေးရွာကို စတင်မီးတင် ရှို့နေကြောင်း သိရသည်။

“ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် စစ်ကိုင်းကနေ မုံရွာ န.မ.ခ ကို ဆန်တတ်လာတဲ့ စစ်မော်တော်ယာဉ်တွေကို လုံခြုံရေး ယူပေးနေတဲ့ စစ်သား အင်အား ၁၀၀လောက်က ဒီကနေ့ မနက်မှာ မီးစရှို့တယ်ဗျ။ ဒေသခံ ရွာသူ ရွာသားတွေ ကတော့ အကုန်ရှောင်တိမ်းနေရတယ်ဗျ။ ကိုယ့်ရွာ ကိုယ့်အိမ်မီးရှို့ ခံရတာကို အဝေးကနေပဲ လှမ်းပြီး ကြည့်နေရတာ ဘယ်သူမှ မသွားရဲဘူးဗျ။ အိမ်ခြေဘယ်လောက်ပါသွားတယ် ဆိုတာလည်း မသိရသေးဘူး” ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အိမ်ခြေ ၈၀၀ ဝန်းကျင်ခန့်ရှိသည့် ဆားထုံးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် မီးတင် ရှို့နေခြင်းဖြစ်သည်။

ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်ခန့်ကလည်း ဆားလင်းကြီးမြို့နယ်ရှိ ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဆားလင်းကြီး မြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ဝဲကြီးရွာ ၊ ဝဲခွဲရွာ ၊နတ်ကျွင်းရွာ ၊ နတ်ဆက်ရွာ ၊ ကျေးပင်ထူးရွာ ၊ပေါင်းဝ ရွာ ၊ ဥရှစ်ပြားရွာ ၊တောကျောင်းရွာ ၊လက်ပံကျွန်း ရွာ ၊ ဖောင်းကတာရွာ၊ထန်းပုရွာ ၊ ထန်းဇင်ရွာ ၊ဘင်ကားရွာ ၊ဆားထုံးရွာ စသည့် ကျေးရွာများမှ လူဦးရေ ၁၀,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...