ရွှေဘိုတွင်တစ်ရက်အတွင်းကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ခန့်မီးရှို့ခံရ

ရွှေဘိုတွင်တစ်ရက်အတွင်းကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ခန့်မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ တစ်ရက်တည်း ကျေးရွာ ၃ ရွာမှ နေအိမ် ၁၇၀ ဝန်းကျင်ကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီး‌လိုက်‌ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၁၃၀ ကျော်ဖြင့် စစ်ကြောင်း၃ကြောင်း ခွဲကာ ညောင်ပင်သာရွာအုပ်စုထဲသို့ ဝင်ရောက်လာပြီးနေ့လယ်၁၂ နာရီ ဝန်းကျင်တွင် စတင်မီးရှို့ခဲ့ရာ ကံသာကုန်း၊ ဘိုထဲကုန်း၊ ကျီးကံ စသည့် ရွာ ၃ ရွာက နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည် ဟု ဒေသခံတစ်ဦးက ဆိုသည်။

“မနေ့က မနက်ပိုင်း ၇ နာရီလောက်မှာ သူတို့က စစ်ကြောင်းတွေ ဖြန့်ပြီး ရုတ်တရက်ဝင်လာတာ ရွာက ကင်းအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့သေးတယ် အိမ်ခြေက သုံးရွာပေါင်း ၁၇၀ ကျော် လောက်ပါသွားတယ် ရွာတွေက ကပ်လျှက်ပဲ လမ်းလေးတွေ ချောင်းလေးတွေပဲခြားတာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်က ယခုကဲ့သို့ ကျေးရွာ ၃ ရွာအား တစ်ပြိုင်နက်ကိုမီးရှို့ရခြင်းမှာ ဒေသခံပြည်သူများ တော်လှန်ရေး အင်အားစုများ ရပ်တည်နိုင်ရန် ထောက်ပံပေးနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် မီးရှို့သွားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များညောင်ပင်သာကျေးရွာအုပ်စုသို့ဝင်ရောက်လာစဥ် ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဘက်မှနှစ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များ ရွာထဲမဝင်လာခင်ဒေသခံများကြိုတင်တိမ်းရှောင်နိုင်ခဲ့ပြီး တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

ညောင်ပင်သာ ကျေးရွာအုပ်စုသည် အိမ်ခြေပေါင်း ၄၀၀၀ ကျော်ရှိပြီး ရွှေဘိုမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်အကွာတွင် တည်ရှိသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...