ထားဝယ်မှာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး အပါဝင် လူ ၄ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး

ထားဝယ်မှာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး အပါဝင် လူ ၄ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး တစ်ဦး အပါဝင် လူ လေးဦးကို ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် လူ လေးဦးကို စစ်ကောင်စီက နိုဝင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။

ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင်အား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင် အချိန်တွင် အစည်းအဝေး တစ်ခုကို သွားရောက်ချိန်၌ စစ်ကောင်စီတပ်ဖွဲ့က စောင့်ဆိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများနှင့် ထားဝယ် အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်များထံမှ သိရသည်။

ထားဝယ် အခြေစိုက် လူမှုကယ်ဆယ်ရေး အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက “ဦးကိုကိုနိုင် ဖမ်းဆီးခံရတာ ဟုတ်ပါတယ်၊ အခုချိန်အထိ ပြန်မလွှတ်သေးပါဘူး၊ သူကို စစ်တပ်က ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးဘူး ဖြစ်နေတယ်”ဟု ပြောသည်။

ထိုအပြင် ဦးကိုကိုနိုင်ကို ဖမ်းဆီးချိန်တွင် လှုမှုကယ်ဆယ်ရေးတွင် အသုံးပြုနေသည့် ကားကိုပါ စစ်ကောင်စီတပ်ဖွဲ့က တစ်ခါတည်း သိမ်းဆည်းသွားကြောင်း ထားဝယ် အခြေစိုက်လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များထံမှ သိရသည်။

အလားတူ ယင်းနေ့ နံနက် ၈ နာရီ အချိန်တွင်လည်း ထားဝယ်မြို့ပေါ်ရှိ မယ်ဒီလန်း ဆေးရုံ၌ အစာအိမ်အူလမ်းကြောင်း ရောဂါဖြင့် တက်ရောက် ဆေးကုသနေသည့် အသက် (၂၀) နှစ်ကျော် လူငယ် တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ရာ ၎င်း၏မိဘဖြစ်သူများကိုပါ ဖုန်းဆက် အကြောင်းကြားခိုင်းပြီး မိသားစုဝင် သုံးဦး စလုံးကို ဖမ်းဆီး သွားကြောင်း မြို့ခံမျက်မြင် သက်သေများထံမှ သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံ လေးဦး စလုံးကို စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးခဲ့သည်ကို မသိရှိရသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရသေးဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...