ကချင်ပြည်နယ် ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

ကချင်ပြည်နယ် ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

ကချင်ပြည်နယ်၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် စစ်‌ကောင်စီ နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အပါအဝင် ၉ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့်မြို့နယ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၆ ရက်နေ့ ဆူးပုတ်ချောင်းကျေးရွာကို မီးရှို့ခဲ့ပြီး‌နောက် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် အလယ်တောရွာအနီး၌ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“ဆူးပုတ်ချောင်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းပါ။ မနေ့ကတိုက်ပွဲမှာ ကျနော်တို့ဘက်က စနိုက်ပါနဲ့ပစ်တာ ၃ ပွင့်ဗိုလ်လည်းကျတယ်။ နောက်ထပ် အလောင်း ၈ လောင်း ထပ်တွေ့တယ်လို့ မြေပြင်ကနေ အတည်ပြုပါတယ်။ တစ်ပွင့် ဗိုလ်အပါ ၇ ယောက်က ဒဏ်ရာရတယ်လို့ သိရတယ်”ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

နှစ်ဘက်အပြန်အလှန်တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဘက်မှ ဒဏ်ရာရခဲ့သူ ၅ ဦးရှိပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့သောကြောင့် ယမန်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်တွင် YAK 130 ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ပတ်ကာ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီဘက်က ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဘုရားတောင်မှ စေတီပုထိုးများ ပျက်စီးသွားခဲ့ပြီး လူအထိအခိုက်ကိုတော့ အတည်မပြုနိုင်သေးကြောင်း ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ များသည် ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် အလယ်တောကျေးရွာနှင့် ကပ်လျှက်ရှိသော အင်ကြင်းကုန်းကျေးရွာကို မီးတင်ရှို့နေပြီး ရွာအနီးတစ်ဝှိုက်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနေဆဲဟု ဒေသခံများထံမှ သိရသည်။

ယခုလို နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီဘက်ကရွာများကို မီးရှို့မှုကြောင့် ကျေးရွာ ၅ ရွာ ထက်မနည်းက ပြည်သူ ၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဒေသခံများက ဆိုသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...