ကချင်ပြည်နယ် ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

ကချင်ပြည်နယ် ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

ကချင်ပြည်နယ်၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် စစ်‌ကောင်စီ နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အပါအဝင် ၉ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့်မြို့နယ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၆ ရက်နေ့ ဆူးပုတ်ချောင်းကျေးရွာကို မီးရှို့ခဲ့ပြီး‌နောက် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် အလယ်တောရွာအနီး၌ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“ဆူးပုတ်ချောင်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းပါ။ မနေ့ကတိုက်ပွဲမှာ ကျနော်တို့ဘက်က စနိုက်ပါနဲ့ပစ်တာ ၃ ပွင့်ဗိုလ်လည်းကျတယ်။ နောက်ထပ် အလောင်း ၈ လောင်း ထပ်တွေ့တယ်လို့ မြေပြင်ကနေ အတည်ပြုပါတယ်။ တစ်ပွင့် ဗိုလ်အပါ ၇ ယောက်က ဒဏ်ရာရတယ်လို့ သိရတယ်”ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

နှစ်ဘက်အပြန်အလှန်တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဘက်မှ ဒဏ်ရာရခဲ့သူ ၅ ဦးရှိပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့သောကြောင့် ယမန်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်တွင် YAK 130 ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ပတ်ကာ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီဘက်က ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဘုရားတောင်မှ စေတီပုထိုးများ ပျက်စီးသွားခဲ့ပြီး လူအထိအခိုက်ကိုတော့ အတည်မပြုနိုင်သေးကြောင်း ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ များသည် ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် အလယ်တောကျေးရွာနှင့် ကပ်လျှက်ရှိသော အင်ကြင်းကုန်းကျေးရွာကို မီးတင်ရှို့နေပြီး ရွာအနီးတစ်ဝှိုက်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနေဆဲဟု ဒေသခံများထံမှ သိရသည်။

ယခုလို နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီဘက်ကရွာများကို မီးရှို့မှုကြောင့် ကျေးရွာ ၅ ရွာ ထက်မနည်းက ပြည်သူ ၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဒေသခံများက ဆိုသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...