ရခိုင်လူမျိုးတို့ အမြတ်တနိုးတန်ဖိုးထားတဲ့ ရခိုင်ရိုးရာ အမွေအနှစ် ကျင်အားကစားအကြောင်းသိကောင်းစရာ(ရုပ်၊ သံ)

ရခိုင်လူမျိုးတို့ အမြတ်တနိုးတန်ဖိုးထားတဲ့ ရခိုင်ရိုးရာ အမွေအနှစ် ကျင်အားကစားအကြောင်းသိကောင်းစရာ(ရုပ်၊ သံ)

ရခိုင်ရိုးရာကျင်အားကစားနည်းဆိုတာကတော့ ရှေးခေတ်ရခိုင်ဘုရင်များ လက်ထက်ကတည်းက စတင်ကစားလာခဲ့တဲ့ ခွန်အားဗလနဲ့ ဥာဏ်ပညာကို အသုံးချကစားရတဲ့ အားကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ကျင်အားကစားကို ရှေ့ခေတ်ရခိုင်ဘုရင်များလက်ထက်တွေမှာ နန်းတွင်းအခမ်းအနားနဲ့ ပွဲလန်းသဘင်တွေမှာ ထည့်သွင်းပြီး စည်စည်ကားကား ကျင်းပခဲ့ကြတယ်လို့ ရှေ့ခေတ်သမိုင်းစာအုပ် စာပေတွေ အဆိုရသိရပါတယ်။ လက်ရှိ ခေတ်ကာလမှာလည်း ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ဘုရားပွဲတော်တွေ၊ ရခိုင်ရိုးရာပွဲတော်တွေနဲ့ နေ့ထူးနေ့မြတ်အထိမ်းအမှတ် ထည့်သွင်း ကျင်းပနေကြဆဲဖြစ်ပါတယ်။

ဒီရိုးရာကျင်ကစားနည်းနဲ့ ကျင်ပွဲတွေအကြောင်းကို ညီနောင်းတိုင်းရင်းသား မိတ်ဆွေတွေအပါအဝင် မြန်မာပြည်သူတွေ တစ်စွန်းတစ်စ သိရှိနားလည်နိုင်အောင် နိရဉ္စရာသင်းဌာနက ရိုက်ကူး တင်ဆက်ပေးလိုက်ပါတယ်။

(ဒီရုပ်သံမှာ ပါဝင်အင်တာဗျူးဖြေပေးထားကြတဲ့ စစ်တွေမြို့ကျင်ပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးပိုင်၊ ဝါရင့်ကျင်သန်ကြီးများဖြစ်ကြတဲ့ ဦးမောင်ခင်မြင့် (ပိုးရီပြင်) နဲ့ ဦသာထွန်းဦး (သဝင်းချောင်း) တို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်။ ဤရုပ်သံတွင်ပါသော ရုပ်သံဖိုင်တစ်ချို့နဲ့ပတ်သက်ပြီးလည်း မူရင်းရိုက်ကူးသူများကို Credit ပေးကျေးဇူးတင်ပါတယ်။)

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...